မနိုင်ခြင်း
လက်သည်းမရှိတဲ့ကြောင်တစ်ကောင်ပါ
ကြွက်တစ်ကောင်တောင်မိအောင်
မဖမ်းနိုင်ခဲ့ဘူး….။
ကိုယ့်ကိုတော့မင်းက
အသည်းမရှိတဲ့မောင်လို့ပြောတယ်….။
အချိန်ကိုကြော် အသည်းကိုပြုတ်
မင်းကို ကိုယ်ဟင်းလုပ်လို့ကျွေးခဲ့တယ်နော်…။
ချစ်ခြင်းမေတ္တာတွေ ရနံနဲ့ထုံမွမ်းနေတဲ့
ထိုဟင်းဟာမင်းခံတွင်းကို
အရသာတွေ့စေမှအမှန်ပါ….။
သေချာတာကတော့
မင်းမရှိတဲ့အချိန်တွေမှာ
ကိုယ် ဂေါ်ဆီလာတောင်ခေါ်မအိပ်ခဲ့ပါဘူး…။
ရူးသွပ်မှု့တွေကို
ငါသင်ကြားပြီးပြီ ဆိုရင်တော့
ငါ နောက်ကောင်မလေးတစ်ယောက်ကို
ငါ ပြောင်းကြိုက်လိုက်တော့မယ် ဘိုင်ဘိုင့်..။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
kwi,,kwi,,
aww,,aww,,,
so pity u r naw,,
ha,,ha,,lol.
u’ve already planned to change.