အပျိုကြီး-၂
တကယ်ပဲအာရုံရတာပဲဖြစ်ဖြစ်
မျက်လုံးလေးမှိတ်ပြီးစိတ်ကူးယဉ်တာဖြစ်ဖြစ်
ရွှေထီးဆောင်းကာလကို သတိရတာဖြစ်ဖြစ်
ပုတီးလေးကအသုံးဝင်တယ်နော်။
ရတာတော့မယူဘူး
ညီမလေးတွေ၊တူမလေးတွေ အစာကို
မျက်စောင်းထိုးနေတာ
ဘယ်သူမှမသိဘူးမမှတ်နဲ.။
အသားလိုလို.
အရိုးတောင်းတဲ့ကောင်လေးတွေလည်း သနားပါတယ်
ဒီအရိုးကြီးပဲဇွတ် ထိုးပေးနေတော့
ဘယ်လောက်ပြုတ်ပြုတ် အနံ.တောင်မထွက်တော့ဘူးလေ။
သင်္ခါရပဲဗျာ
ကိုယ်အလှည့်လည်း လွန်ခဲ့ပြီးပြီပဲ
အဖြစ်မှန်လေးကိုစဉ်းစား
အပျိုကြီးတွေ ဈေးကျတာမဟုတ်ဘူး
ဈေးမရတော့တာ….။ ။
(ဟုတ်ရင် သည်းခံ၊ မှန်ရင်ပြန်ပြော…..၊
အပျိုလေးများပြန်ပြောရန်မလို
ပြန်ပြောသူ အပျိုကြီးဖြစ်ရမည်။ဟိဟိ)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Good Glu Gu