ငါ့အကြောင်း
မျောက်သစ်ကိုင်းလွတ်တဲ့
အမှတ်တွေကိုပိုက်ပြီး
ချောင်မှာထိုင်ငိုက်ခဲ့ရတာပေါ့.
…..
ဘ၀ရဲ့လမ်းတဆစ်ချိုးကို
(၂)မှတ်လိုဆိုတဲ့အဖြစ်ဆိုးကြောင့်
ရှေ့ဆက်ဘ၀ခရီးအတွက်
ရရာလမ်းက၀င်တိုးခဲ့ရတယ်….
ပါတ်ဝန်းကျင်ရဲ့စကားတွေကြား
နားတွေခါးပါများတော့လည်း
ရခဲ့တဲ့အမှတ်တွေရော
ထွက်ခဲ့တဲ့ဂုဏ်ထူးတွေပါပြန်အပ်ပြီး
ဒီတသက်စာလုံး…
ငါ…….
ငတုံးပဲဖြစ်ချင်တော့တယ်။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service