အချစ်၏ ချွင်းချက်များ
အချစ်ဆိုတာ
သူတို့တွေရဲ့ ရိုးရာယဉ်ကျေးမှု့များနဲ့
မသက်ဆိုင်
အချစ်ဆိုတာ
သူတို့တွေရဲ့ လှပတဲ့ဝတ်စုံများနဲ့
မသက်ဆိုင်
အချစ်ဆိုတာ
သူတို့တွေရဲ့ ကြွယ်ဝမှု့များနဲ
မသက်ဆိုင်
အချစ်ဆိုတာ
သူတို့တွေရဲ့ ပုံပြင်ဟောင်းများနဲ့
မသက်ဆိုင်
အချစ်ဆိုတာ
လျှို့ဝှက်သိပ်သည်းတဲ့
မျက်ဝန်းတစ်စုံရဲ့ ဘာသာစကားကို
သူတို့ကိုယ်တိုင် တီးတိုးဆိုသွားခြင်းပဲ ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service