စုန်းတိုက်ခံရတဲ့နေ့ (တာရာမင်းဝေ)
သူများ ဝတ်ထားပြီးသား
မျက်နှာအဟောင်းကြီးနဲ့တော့
ဘဝမှာ လူမလုပ်ချင်ဘူး
လံကွတ်တီစော် နံတယ် ..။
ကဆုန်ပေါက် ပြေးနေတဲ့ အုန်းခွံရောင် တိမ်တစ်စင်းရယ်
မန်းမှုတ်ပြီး ငါပစ်ဖမ်းလိုက်တဲ့ ကြိုးကွင်းတန်းလန်းရယ်
လောကဟာ နေရတာ မလျော့မတင်းကြီးပါပဲကွယ် ..။ ။
တာရာမင်းဝေ
၂၇.၅.၂၀၀၂
/* စာရေးဆရာမ အစ်မ မနော်ဟရီ ရဲ့ ကျွန်မချစ်သောကဗျာများ ဆိုတဲ့နေရာက သူသည် ကဗျာဆရာတစ်ယောက် ဖြစ်သည် ဆိုတဲ့ post က ဖတ်ခွင့်ရပြီး တစ်ဆင့် ဖော်ပြတာပါ */
Comment #2
သူ့စာသား တွေမှာ သံလိုက်ဓါတ် ပါနေတယ်လို့ ခံစားရတယ်…မစဉ်းစားမိခင် အချိန်အတွင်းမှာပဲ သွားပြီးငြိလွယ်တယ်လို့ ထင်တယ်
Comment #4
အရမ်းကောင်းတယ် ဆွဲဆောင်မှုရှိတယ်ဆိုတာထက်ပိုတယ်ဗျာ
Comment #5
စာသားလေးတွေကိုဖတ်နေရင်းနဲ. ကိုယ်.ကိုယ်ကို ကဗျာထဲရောက်သွားသလိုရေးနိုင်တဲ. သူတစ်ယောက်မရှိတော.တာ တကယ်နှမြောမိပါတယ် အခုလိုဖတ်ရလို.ကျေးဇူးတင်ပါတယ်။
Comment #6
သူများ ဝတ်ထားပြီးသား
မျက်နှာအဟောင်းကြီးနဲ့တော့
ဘဝမှာ လူမလုပ်ချင်ဘူး
လံကွတ်တီစော် နံတယ် ..။
ကဆုန်ပေါက် ပြေးနေတဲ့ အုန်းခွံရောင် တိမ်တစ်စင်းရယ်
မန်းမှုတ်ပြီး ငါပစ်ဖမ်းလိုက်တဲ့ ကြိုးကွင်းတန်းလန်းရယ်
လောကဟာ နေရတာ မလျော့မတင်းကြီးပါပဲကွယ် ..။ ။
Comment #1
ကျေးဇူးတင်ပါတယ်။ အခုလိုတစ်စုတစ်စည်းတည်း ဖတ်ရလို့။ very thz