အလကားလူတစ်ယောက်ရဲ့ စကား (တာရာမင်းဝေ)
တစ်ဘဝလုံး အရက်စော်နံသွားရတဲ့ အကြောင်းကတော့
ရိုးရိုးလေးပါပဲ ..
ကိုယ့်ကိုယ်ကို ပုလင်းကွဲနဲ့ ခွဲကြည့်တာပါ။
ဟိုနေ့က ဘုံဆိုင်ထဲ ငုံ့အဝင် ..ခရေပင်ကြီးနဲ့ ပက်ပင်းတိုးပြီး
၁၉၉၆ .. မိုးစက်တွေ ..တနင့်နင့် .. ဝေတယ် ..
အမြည်းမရှိဘူး တွဲသောက်ရတဲ့လူကြီးက တူးစော်နံတယ်
ခုနှစ်စင်ကြယ်ပြောင် ဂျွမ်းတစ်ဝက်ထောင်တာတောင်မှ
ငါလို (၁၂)နာရီကောင်ကို ဘယ်သူကမှ အပေါင်မခံဘူး …
မကြာခင် အိမ်ပြန်တော့မှာပါ
တစ်ခွန်း နှစ်ခွန်း အနစ်မွန်းခံပြီးရင် ခြူသံပေးလိုက်ရုံပါ
သူ့လမင်းကို .. ကိုယ် လက်လှမ်း မမီကြောင်း ပြောရတာ
ပုလင်းနံပါတ် မမှတ်မိလောက်အောင်ကို ခါးတယ် ..။
ကိုယ်ထင်တယ်
ကျမ်းစာထဲမှာ မပါတာတွေ ရှိကောင်းရှိနိုင်ရဲ့
အာဒမ်က …
ဧဝ ကိုပေးခဲ့တာ …
နံရိုးတစ်ချောင်းထဲ မဟုတ်လောက်ဘူး။ ။
တာရာမင်းဝေ
/* စာရေးဆရာမ အစ်မ မနော်ဟရီ ရဲ့ ကျွန်မချစ်သောကဗျာများ ဆိုတဲ့နေရာက သူသည် ကဗျာဆရာတစ်ယောက် ဖြစ်သည် ဆိုတဲ့ post က ဖတ်ခွင့်ရပြီး တစ်ဆင့် ဖော်ပြတာပါ */
Comment #2
အားရီးမိုက်တယ်း-)
Comment #4
တစ်ဘဝလုံး အရက်စော်နံသွားရတဲ့ အကြောင်းကတော့
ရိုးရိုးလေးပါပဲ ..
ကိုယ့်ကိုယ်ကို ပုလင်းကွဲနဲ့ ခွဲကြည့်တာပါ။
Comment #1
“ကိုယ်ထင်တယ်
ကျမ်းစာထဲမှာ မပါတာတွေ ရှိကောင်းရှိနိုင်ရဲ့
အာဒမ်က …
ဧဝ ကိုပေးခဲ့တာ …
နံရိုးတစ်ချောင်းထဲ မဟုတ်လောက်ဘူး။ ။”
ဆရာတာရာမင်းဝေရဲ့အဲဒီစာသားလေးကိုဘယ်မှာကြားဖူးခဲ့မှန်းတော့ မမှတ်မိတော့ဘူး..။ စကြားထဲက ကြိုက်တာ…။ ဘယ်ကဗျာကမှန်းလဲမသိတော့ မရှာဖြစ်လိုက်ဘူး …။ ကျွန်တော်မဖတ်ရသေးတဲ့ တာရာမင်းဝေရဲ့ကဗျာတွေ ဖတ်ဖြစ်အောင်တင်ပေးတဲ့အတွက်ကျေးဇူးပါ မဖြိုးဖြိုး…။