သို့ …. မိုးခါးရေသောက်သူများ (၂) – သက်ထွေး
ကိုယ့်အရိပ်က
ကိုယ့်ကို
နောက်ကွယ်က
ငဲ့စောင်းကြည့်နေ
ကျောမချလည်း
ဓါးပြမှန်းသိခဲ့ပြီ။
ဒူးကိုယုံချင်ပေမဲ့
လမ်းတွေကို မယုံချင်ဘူး
ဖောင်စီးရင်း
ရေငတ်လာတယ်။
ယုန်ထောင်ရင်
ယုန်ပဲမိစေချင်တယ်
ကျားကြီးတော့
ခြေရာလည်းကြီးတယ်။
ထိုင်နေတော့လည်း အကောင်း
ထသွားတော့လည်း အကောင်း
ရောင်းချင်မှ
ဟောင်းမှန်းသိ
ပျက်လျင်အစဉ်
ပြင်မရတော့။
ဒီပုတ်ထဲက
ဒီပဲဖြစ်လည်း
အရီးတော်
ဖေါ်ရွေချင်နေမိ
ဝမရှိပဲ
ဝိလုပ်ချင်သူထက်တော့
သာမည်ထင်သည်။
လက်ပေးလည်း
မသင်ကြပါနဲ့
ကောင်းစားလည်း
တစ်မွန်းတည့်ပါပဲ
ထိုးမယ့်ဆင်လို
နောက်တစ်လှမ်းဆုတ်ပြီးပဲ
ဟန်ကိုယ့်လို့နေတော့မယ်။ ။
သက်ထွေး
စက်တင်ဘာ ၁၄ရက် ၂၀၁၀ ည ၆း၂၀
Comment #4
အရမ်းကောင်းတယ်ဗျာအရမ်းကြိုက်တယ်….

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကုန်ပြီ..စကားပုံတွေ..း)း)
ကောင်းပါ့ကဗျာဆရာရေ…။။။