အချစ်ဆုံးသူငယ်ချင်းငါ့ကိုခွင့်လွတ်ပေးပါ
ငါပြောလိုက်တာလွန်သွားလားကွာ။
မင်းကိုပြောခဲ့တာတွေပြန်စဉ်းစားရင်
စည်းကမ်းမရှိတဲ့စကားတွေပဲ
ငါအလွတ်ရတယ်။
မင်းကိုပြောခဲ့တာတွေပြန်စဉ်းစားရင်
စည်းကမ်းမရှိတဲ့စကားတွေပဲ
ငါအလွတ်ရတယ်။
ငါပြောလိုက်တာမင်းအတွက်လွန်သွားတယ်ကွာ။
မင်းငါ့ကိုပုန်းရှောင်ရလောက်အောင်
ငါ့မှားသွားလား….?
မင်းမရှိတဲ့ညမျိုးမှာ
အမှောင်ကိုတစ်ဝက်ချပြီး
အသံမထွက်ပဲနေထိုင်ကြည့်ဖို့
ဘယ်ဖြစ်မှာလဲ..?
အရာရာဟာအဓိပါယ်မဲ့နေတယ်
ငါ့ရဲ့ဘ၀အကျနာလွန်းတယ်
အရောင်တွေနဲ့စီးနေတဲ့ငါ့ရဲ့မြစ်အတွက်
မင်းရဲ့ခင်မင်မှုက
ငါ့ရဲ့အသက်တည်ခွင့်ရဲ့ထိုးဝါးတချောင်းပါ။
ဒီလောကီမှာမှီတွယ်စရာ
ပျော်ရွှင်မှုက
မင်းရဲ့ခင်မင်မှုပါ။
အကောင်းဆုံးသူငယ်ချင်းလို့
မက်ခဲ့သမျှအိမ်မက်တွေကို
ရေသောက်ဆင်းခိုင်းမလို့လားကွာ….?
ဒီဘ၀ဒဏ်ရာကြီးကို
ရှေ့တန်းစစ်မျက်နှာထိ
ပို့ခိုင်းမလို့လား…?
မွှေးရနံ့တွေအပိုင်းပိုင်းအပြတ်ပြတ်နဲ့
ခင်မင်မှုတွေခုတ်မောင်းလာခဲ့တာ
ဒီရင်ထိုးကလေးကို
မင်းမယူတော့ဘူးလား….?
ရှေ့တန်းစစ်မျက်နှာထိ
ပို့ခိုင်းမလို့လား…?
မွှေးရနံ့တွေအပိုင်းပိုင်းအပြတ်ပြတ်နဲ့
ခင်မင်မှုတွေခုတ်မောင်းလာခဲ့တာ
ဒီရင်ထိုးကလေးကို
မင်းမယူတော့ဘူးလား….?
သုခဘုံအဆင့်ဆင့်ကို
ဖျော်မသောက်ခဲ့ဖူးတဲ့
ငါ့အတွက်တော့
ရယ်သံလွင်လွင်လေးနဲ့
မင်းရဲ့စကားသံတွေပဲ
ငါ့ကြားနေတယ်…(သူငယ်ချင်း)။
မျက်ရည်နဲ့ဖွဖွလေးကိုင်ထားရတဲ့စိတ်နဲ့
တစ်မိုးသားလုံးအုံဆိုင်းပြီး
ငါ့ကိုမင်းခွင့်လွတ်မဲ့နေ့ကို
စောင့်နေမယ်ဆိုတာယုံပေးပါ။
Comment #2
wonderful ….. very very nice

Comment #3
i like it so much ….

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
wow,,,,
lots of love,
good luck, dear