လွမ်း
နွေဦးရောက်တော့မယ်။
…
အလွမ်းအပြည့်နဲ့ ဒီအခန်းထဲက
ငါ့မှာ ပြေးထွက်စရာမြေလည်းမရှိ။
ပြေးထွက်ချင်ရဲ့လားလည်း ငါကိုယ်တိုင်မသိ။
မနက်ဖြန်ဆို သက်သာသွားမှာပါဆိုတဲ့ အတွေး …
သန်းခေါင်ယံတွေသာ တစ်ခုပြီးတစ်ခုဖြတ်လာတယ်
သက်ပြင်းတွေအောက်က ခေါင်းအုံးလေးတောင်
မျက်ရည်နံ့ကို ယဉ်ပါးလို့။
ဘယ်လိုကံတရားလဲကွယ် …
အနီးဆုံးကိုဆွဲခေါ် အဝေးကြီးကိုလွှင့်ပစ်
လုပ်ချင်တိုင်းလုပ်ခွင့်ပြုရတော့မှာလား …
ငါလည်းခေါင်းကသာ မာတယ်
ရင်ဘတ်က နင်နဲ့ပက်သက်ရင်
ဘယ်တော့မှ အရွယ်မရောက်နိုင်တော့ဘူး။
ကြယ်တွေကိုမြင်တိုင်း ပိုပြီးသတိရတတ်လို့
ညညတွေ အိမ်အပြင်ထွက်ရင်
ခေါင်းကိုငုံ့ထားတာ အကျင့်တောင်ဖြစ်လာပြီ။
နွေဦးရေ …
အလျော်အစားလို့ မသတ်မှတ်ဘူးဆို
ဖြုစင်နေဆဲ မြတ်နိုးမှုတွေအတွက်
အရင်လို နာမ်စားလေးလောက်တော့ ပြန်ပေးပါလား … ။
Comment #3
ကို့ရဲ့အလွမ်းတွေကို….ပိုပြီးပြည့်စုံသွားစေတဲ့….လွမ်း….ပါပဲ။အားပေးနေမယ်နော်။
By: yoemei at Sep 18, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ရင်ထဲ ကြည်နူးဖို့ကောင်းတဲ့ ကဗျာလေးပါ . . . . ။ အားပေးနေပါတယ် ။