ကဗျာ
ကဗျာ
ကဗျာသည် …
ထိမ်ဝှက်စရာမဟုတ်
အိပ်မက်ရွာ ဖြစ်သည်။
ကဗျာသည် …
စိတ်အဆာဖြေရန် မဟုတ်
လိပ်ပြာစေတမန် ဖြစ်သည်။
ကဗျာသည် …
သူတစု၏ လျောင်းစက်ရာမဟုတ်
လူထု၏ ဒေါင်းစကြာ ဖြစ်သည်။
ကဗျာသည် …
ခါမှီအတွေးဖင့်သည့်လမ်းမဟုတ်
ရာသီမရွေးပွင့်သည့်ပန်းဖြစ်သည်။
ကဲ …
အိပ်မက်ရွာက
လိပ်ပြာစေတမန်
ပျံကာဝဲပါ ဒေါင်းစကြာရေ
ရာသီမရွေး ပွင့်ပန်းဝေ။ ။
ဟယ်ရီ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဖတ်သွားတယ်..။