မင်းကြောင့်
မင်းကြောင့် အချစ်ရဲ့သိမ်မွေ့မှုတွေ
ရင်နှင့်အမျှခံစားရတယ်။
ငါ့ချစ်ခြင်းတွေ ခစာဝပ်စင်းမယ့်
မင်းရင်ခွင်ကို အကဲခတ်နေတုန်း
မီးနီပြခြင်းခံရတယ်။
ရရှိခဲ့ဖူးတဲ့ အမှတ်တရတွေကို
အိပ်မက်တစ်ခုလို ပြန်တွေးရင်း
နှလုံးသားဒိုင်ယာရီထဲ ခဏဖွက်ထားလိုက်တယ်။
ခက်ထန်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပေမဲ့
မနက်ဖြန်တွေအတွက် ရင်ခုန်မျှော်လင့်နေတုန်းပဲ…
အိပ်မက်တွေထဲက မင်းပုံရိပ်တွေက
လက်တွေ့ဆန်ဆန်အသက်ဝင်နေဆဲမို့
ငါ့အနာဂတ်တွေ ရှင်သန်စေဖို့
အိပ်မက်လေးတော့ မက်ခွင့်ပေးပါ….
Comment #2
min kyaunt,,,

Comment #3
ei lay u: nay p

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နှလုံးသားနဲ့ ခံစားကြည့်ပေးပါ….