လူနောက်မှတ်တမ်း
မင်းဘာသာ ကျော်ဝင်လာတဲ့ဘောင်
မင်းဘာသာ ပြန်ထွက်ခွင့်ရှိပါတယ်
ဒါပေမယ့်…
ယူလာတဲ့ အမှတ်တရတွေကိုလည်း
တစ်ခုမကျန်ပြန်ယူသွားသင့်တာပေါ့ ။
တကယ်တမ်းကျတော့လည်း
မင်းဘက်က …
အမှတ်တမဲ့တွေဘဲ ပေးခဲ့တောင်
ငါ့ဘက်က…
တခုမကျန် အမှတ်တရဖြစ်နေတာ
ခက်ပါတယ်…။
ရင်နင့်ရမှန်းသိခဲ့ရင်တောင်
လက်ခံမိမယ်ထင်တာကိုက
နုံအတဲ့ ….
ငါ့လို လူနောက်ရဲ့ ကံဘဲထင်ပါတယ်လေ။
Comment #2
hote bu lay…
nong dar le hote bu,,ah nay tar le hote bu,
chit lun loh kwint hlut nar le pi kou chin sar pay naing dar par naw.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကြိုက်တယ်………..ခံစားပေးလို့ရတယ်..