လှမ်း ခက် ပန်း
လှမ်း ခက် ပန်း
##################
ဝေးမှ လွမ်းလို့………..
ဆွေးမှ ကျွမ်းဆင့်……
ခက်လှ စကား…..
မျက်တော် မထား…..
လှမ်းခက် ပန်းကို……..
နမ်းရှိုက် စမ်းချင်…………
မမှီ လက်ကမ်း……
ဤ အချစ်ပန်း…..
ပင်ယံ ဖျားမှ…….
ပွင့်လို့ လန်းကာ……
ရှိသည် ကိုသာ………..
ပင်အောက် ၌သာ……
မျှော်ကာ ငေးမော…
မျက်ဝန်း ဝေ့သီ…….
မျက်ရည် ကြည်နှင့်…
ငေးမော ၍သာ……..
နေရစ် တော့မည်……..
တစ်ပွင့် ပန်းလေး……
မညိုး နွမ်းဘဲ…….
ပင်ယံ ထိပ်မှာ…..
တင့်တယ် လှစွာ…..
တည်ရှိ ပါစေ……….
တောင်းဆု ခြွေ၏……….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
wow,,,
a yan chit tat tar pe,,
but ngay kyi nay yone ne hma ma phyit naing dar.