အလေအလွင့် တစ်ကောင်ရဲ့ ရစ်သမ်
မီးတောက်ကလေးက အညွန့်တလူလူ
ဘယ်လို လောင်ကျွမ်း ရမှန်း မသိရှာဘူးတဲ့ ။
နှစ်လုံးသား ကျွန်းမြေပေါ်က
မြေသြဇာ ကောင်းကောင်း နဲ့ သီးပွင့်တဲ့
အလေ့ကျ အမုန်းပင်တွေ သက်တမ်း ရှည်လှရဲ့
စိုက်ပျိုးခဲ့ရတဲ့ အိပ်မက်တွေကတော့
မိုးခေါင်လွန်းတဲ့ ရာသီထဲ
အရိုးပြိုင်းပြိုင်း အရွက်ကျဲကျဲ ရယ်ပါ။
ပစ်ချလိုက်ပေမဲ့ ငါးမစားတော့တဲ့ ပေါက်ပေါက် ပွင့်ကလေး
ရေနစ်သေဆုံး လို့ကောင်းတုန်း
ကြေမွပျော်ဝင်
ခေတ်အဆက်ဆက် ပျက်သုန်းလို့
ပျောက်ဆုံး လို့ကောင်းတုန်းတဲ့ ။
အလှတရားတွေရဲ့ ကွေးညွှတ် ပျော့ပျောင်းမှုလို
ဘ၀တစ်ခု လုံးစာ ကွေးညွှတ်ကြည့်လိုက်တော့
ထောက်ခနဲ့ မြည် ချွတ်ကနဲ ကျိုးတော့တာပဲ။
ဘယ်မှာလဲ….
လတ်ဆတ်တဲ့ လေးညင်းကလေးရေ
လက်တစ်ကမ်းမှာ မိုင်တိုင်များစွာ ဝေးရတဲ့အခါ
ငါက တဖြည်းဖြည်းနဲ့ …….
လွမ်းဆွတ်တသ ဖြစ်ရ
စိတ်လို လက်ရ ပေါက်ကွဲ ရ နဲ့ပေါ့ ။ ။
မိုးသစ်ညို
Credit Go to moethittnyo@MyanmarCupid Community Forums
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လက်တစ်ကမ်းမှာ မိုင်တိုင်များစွာဝေးသွားတဲ့အခါ ..
အရာရာဟာ .. ခေါ်မကြားအော်မကြား |)