ရှေးမူမပျက် ခေတ်ရဲ့ကဗျာ
မူယာပို၊ပျိုအလှ
ရတာချူ၊ယူကာပြေး
ငေးကျန်ရစ်၊ဖြစ်မယ်နော်။
ကိုလူုချော၊ပြောစကား
နားဝင်ချို၊ပျိုဖြူမှာ
ဗျာပါဒ၊ရတတ်တယ်။
ချစ်မ၀၊တဏှာပို
ဟိုတယ်သွား၊ထားသတိ
ကြည့်စေချင်၊ကင်မရာ၊ရှာဖွေပါ။
မောင့်အလို၊ပျိုလေးလိုက်
ရိုက်မှတ်တမ်း၊ဆန်းတယ်ဟာ
ခွာပြဲမူ၊သူယုတ်မာ
ဖြန့်ဝေတတ်၊အင်တာနက်။
သူငယ်ချင်း၊ရင်းခေါက်ခေါက်
မြှောက်ပေးတိုင်း၊မှိုင်းရှုမိ
ဂိမယ်နော်၊တော်ပါကွယ်။
ကလပ်က၊အမိုက်စား
ဇယားတွေ့၊ရွှေ့ကြည့်လေ
ရေမလန်း၊ဂွမ်းမယ်နော်။
လူမှုရေး၊ဆွေးနွေးလုပ်
ဟုတ်တယ်နော်၊ပျော်စရာ၊volunteer ။
(p.s ရေးနေကျပုံစံတော့မဟုတ်ပါ၊ကဗျာရေးကာစ
ကတော့ အဲသလို တွေရေးဖြစ်တယ်။)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service