နှလုံးသား သီအိုရီ သံစဉ်များ
လိုချင်တဲ့ Chord တစ်ကြောင်းရဖို့အတွက်ပေါ့
သံစဉ်တွေ တီးခတ်
စာသားတွေ ဖြည့် စွက်လို့
သံပြိုင်သီဆိုချင်နေတာ ကြာပြီ….။
မျှော်လင့် ခြင်း Software ကို
ရင်ခုန် ခြင်း Hardware ပေါ် မှာ
ရေးဆွဲ ပြီး အချစ် ဆိုတဲ့
Brand အသစ်တစ်ခု နဲ့ Computer တစ်လုံးဖန်တီးချင်နေတာကြာပြီ….။
ကြင်နာခြင်း ယုယခြင်းဆိုတဲ့
အဖြူ နဲ့ အလင်းပေါင်းလို့
ပိတ်ကား ဆိုတဲ့ အသည်းလွှာပေါ်မှာ
ဆီဆေး ရေဆေး မျိုးစုံနဲ့
မေတ္တာဆိုတဲ့ ပန်းချီကားတစ်ချပ် ဆွဲ ချင်ခဲ့တာကြပြီ…..။
ဇာတ်ကောင် ကကိုယ်
မင်းသမီးက မင်း
စကားလင်္ကာ အဆင်တဆာနဲ့
စိတ်ဝင် စားဖွယ် ရေးသားဖို့
ကလောင်ကောင်းကောင်းနဲ့
ဝတ္တုတစ်ပုဒ်ကို ရေးစပ်ချင်ခဲ့တာကြာပါပြီ…။
အဲ့ ဒီဝတ္တု ကို
ကိုယ်ကိုယ်တိုင် ဒါရိုက်တာလုပ်
မင်းသားလုပ် ပြီး
ဇာတ်ညွှန်းဆင်ခွဲ ကင်မရာဆွဲ ကာ
Angle အမျိုးမျိုး effect အမျိုးမျိုးနဲ့
စိတ်ဝင်စားဖွယ် ရုပ်ရှင်တစ်ကားရိုက်ဖို့ လည်းစီစဉ်ချင်နေပါပြီ….။
နူးညံခြင်း နဲ့ရစ်ပတ်ထုတ်ပိုးထားတဲ့
အဆင်လှလှ သံယောဉ်ဇဉ်တစ်ခုကို
အချစ်ဆိုတဲ့ တံဆိပ်ကို ကပ် ပြီး ပေးပို့လိုက်ပါပြီ ချစ်သူ
ကြည်ဖြူစွာနဲ့ လက်ခံပေးပါ…..။
Comment #1
wowwwwwwwwwwwwwwwww
greattttttttttttttttttttt
lone wa lan de