သတိ
ချစ်သူ…..
အချစ်စစ်ရင် မငြိမ်းချမ်းဘူး
ကြားဖူးနေကျ စကားလုံးလေး
ပစ်ပယ်ပြီးတော့
မမေ့လိုက်နဲ့
စမ်းသပ်မှုတွေ ရှိသောကြောင့် ။
ချစ်သူ……
သစ္စာဆိုတာ
အပြောင်းအလဲကြား
မပြောင်းလဲတဲ့
မှတ်ကျောက်ဆိုတာ
မမေ့လိုက်နဲ့
ခိုင်ခန့်မှုတွေ လိုသောကြောင့် ။
ချစ်သူ…..
ချစ်သူတွေကြား
အမုန်းရောက်ရင်
စိတ်နာပြီးတော့
မမေ့လိုက်နဲ့
အချစ်စစ်တွေ ရှားသောကြောင့် ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
so much perfect,
plz let me copy to my diary,