ဖြတ်စာ
စိတ်တွေကတိမ်တွေလိုပဲ
ပုံစံပြောင်းလဲလွယ်လိုက်တာ
ငါ့ကိုယ်ငါတောင်အံ့သြတယ်
လက်မလွှတ်နိုင်ဘူးလို့ထင်ခဲ့တာတွေကို
အခုအချိန်မှာ
လွှတ်ချဖို့အဆင်သင့်ဖြစ်နေပြီ
မခံစားနိုင်ဘူးလို့ထင်ခဲ့ပေမယ့်
အခုအချိန်မှာတော့
ရင်စည်းခံဖို့အသင့်ပဲ
ယုံမလားတော့မသိဘူး
အခုအချိန်မှာ
ဘာဖြစ်ဖြစ်နေတတ်သွားပြီ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တကယ်မှန်တဲ့စကားဘဲ
ဘာဖြစ်ဖြစ်နေတတ်သွားပြီဆိုတာလေ