သံယောဇဉ် – နရီထက်
နွေပူပူမှာ ရေခမ်းမထက်
လူတစ်ကိုယ်စာ အရိပ်တစ်ခုလား
အေးမြတဲ့ ဟိုအဝေးက
ဥသြသံချိုလား. . .
အနီးအဝေးလို့ မဆိုသာ
သွေးချင်းလည်း စကားပြောတယ်
စိတ်ချင်းလည်း ဆက်နေတယ်
အဝေးပြေးနေတဲ့ တိမ်လွှာတွေလား. . .
အတိမ်အနက်ကို စကားမဆို
ရင်ထဲရှိတာ ပြောရကြေးဆို
ပင်လယ်ရေ အတိမ်အနက်
မခန့်မှန်းတတ်ပေမဲ့
ပင်လယ်ပြာပြာကိုတော့
ကြိုက်နှစ်သက်တတ်တယ်
လမင်းကြီး ပင်လယ်ပြာအနားမှာ
ရှိနေရင် အပျော်ကြီးအပျော်ဆုံး. . .
မြေနီလမ်းနံဘေးမှာ
အလေ့ကျ ပန်းပွင့်ကလေးတွေက
သူ့အထာ သူ့စတိုမ်ကျ နေတယ်ဆိုရင်
မင်း လမ်းဖြတ်လျှောက်တဲ့အခါ
ပန်းပွင့်ကလေးတွေက
မင်းနှစ်သက်မဲ့ ရနံ့လေးတော့
ပေးသက်ဆက်မှာပါ. . .
ကြယ်ကြွေတဲ့အခါ. . .
မင်းနှင့်ဝေးမှာ ကြောက်တတ်တဲ့
ကလေးအထာ. . .
မင်းအနီးမှာ နေမယ်ဆိုတဲ့ စိတ်တစ်ခုနှင့်
မျှော်လင့်ချက် ဆုတွေ
တောင်းဆုပြုနေဘူးတယ်. . .
ဟိုအဝေးက နေရာသစ်လေး
လှမ်းမျှော်ကြည့်တဲ့အခါ. . .
ငါ ဖြတ်လျှောက်ဖို့
မင်း ခင်းပေးထားတဲ့ တံတားလေးတစ်ခု
ငါ ဆက်လျှောက်နေဆဲ. . .
နရီထက်
( ၃၀ ၊ စက်တင်ဘာလ ၊ ၂၀၁၀ )
Comment #1
wow,, 🙂
simple cute lovely poem.