ဖြေသိမ့်လို့ရတယ်
နင့်ကိုသတိရလို့
ရင်တွဲမတက်လွမ်းနာကျခဲ့ရတဲ့ငါ
တခြားတစ်ယောက်ကို နင်ပေးဆပ်နေတာတွေနဲ့…..
ဖြေသိမ့်လို့ရတယ်……။
နင်နဲ့တွေ့ချင်လို့ ငါ့ရင်တွေ တဆစ်ဆစ်နာကျင်လာတဲ့အခါ
မရှားပါးတဲ့ အကြင်နာတွေအကြောင်း
နင်အကျွမ်းတ၀င်ပြောနေတာတွေနဲ့
ဖြေသိမ့်လို့ရတယ်…..။
ငါ့ခံစားချက်တွေ အားကိုးရာမဲ့လို့
နင့်ရဲ့အကျင့်ကောင်းတွေရှာဖွေမိတဲ့အခါ
စာနာမှုမရှိဘဲ နင်ထားခဲ့တာတွေနဲ့
ငါဖြေသိမ့်လို့ရတယ်…..။
နင်ချစ်ပါ့မလားလို့
ငါ့မှတ်ဥာဏ်တွေက သိချင်လာတဲ့အခါ
ဖြေရှင်းမှုမရှိဘဲ နင်အရူးလုပ်ခဲ့တာတွေနဲ့
ဖြေသိမ့်လို့ရတယ်…..။
နင့်ကိုလွမ်းလို့
ငါတို့ရဲ့အတိတ်အကြောင်းတွေ ပြန်တွေးတဲ့အခါ
မှတ်မိစရာနင့်လုပ်ရပ်တွေနဲ့
အလွမ်းတွေအားလုံး…..ဖြေသိမ့်လို့ရတယ်…..။
Comment #3
ယုံပါတယ် မကေသ၇ီ
Comment #4
ယုံပါတယ် မကေသ၇ီ
တကယ်ကို ခံစား၇တာပါ
Comment #5
အမရေးတဲ့ ကဗျာလေးတွေတော်တော်ကောင်းတယ် . .
Comment #6
နင့်ကိုလွမ်းလို့
ငါတို့ရဲ့အတိတ်အကြောင်းတွေ ပြန်တွေးတဲ့အခါ
မှတ်မိစရာနင့်လုပ်ရပ်တွေနဲ့
အလွမ်းတွေအားလုံး…..ဖြေသိမ့်လို့ရတယ်…..။
Comment #8
နင့်ကိုလွမ်းလို့
ငါတို့ရဲ့အတိတ်အကြောင်းတွေ ပြန်တွေးတဲ့အခါ
မှတ်မိစရာနင့်လုပ်ရပ်တွေနဲ့
အလွမ်းတွေအားလုံး…..ဖြေသိမ့်လို့ရတယ်…..။
Comment #10
တကယ်ကိုကောင်းပါတယ်.။
Comment #11
နင့်ကိုလွမ်းလို့
ငါတို့ရဲ့အတိတ်အကြောင်းတွေ ပြန်တွေးတဲ့အခါ
မှတ်မိစရာနင့်လုပ်ရပ်တွေနဲ့
အလွမ်းတွေအားလုံး…..ဖြေသိမ့်လို့ရတယ်…..။
“ဖြေသိမ့်လို့ရခဲ့တာတွေ အကုန် နားလည်နေရင်း
နင်မသိတဲ့ တစ်နေရာမှာ
ငါလည်း နောင်တတွေနဲ့ ဖြေသိမ့်နေတယ်……။ ။”
Comment #13
ဒီကဗျာရေးတဲ့သူက မိန်းကလေးပါ…ကေသရီ ပါ….
ဒီကဗျာထဲက ရည်ညွှန်းခြင်းခံရတဲ့သူက ယောင်္ကျားလေးပါ….။
ကေ့ကဗျာကို အားပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်…။
Comment #14
ကဗျာက ရေလည်ကောင်းတယ်
ဒဏ်ရာတွေကို ကိုယ့်ဘာကိုအားတင်းပြီး ဖြေသိမ့်သွားတဲ့အကြောင်းပြောထားတာ တကယ်မိုက်တယ်ဗျ
အားပေးသွားပါကြောင်း~~
Comment #15
နင့်ကိုသတိရလို့
ရင်တွဲမတက်လွမ်းနာကျခဲ့ရတဲ့ငါ
တခြားတစ်ယောက်ကို နင်ပေးဆပ်နေတာတွေနဲ့…..
ဖြေသိမ့်လို့ရတယ်……။
အရမ်းတိုက်ဆိုင်ပါတယ်
Comment #1
ကေသရီ ၇ဲ့ ကဗျာ တွေဟာ တကယ့်အဖြစ်အပျက်တွေ လို စိတ်ထဲမှာမြင်ယောင်နေ စေတယ်