ဆုတောင်း
အို……….
အရှင်ဘုရား
ကျွန်တော်သည် အသက်နှင့်ထပ်တူချစ်ရသူ
မိန်းကလေးတစ်ဦးအပေါ် မှားယွင်းသောအမှု
ကိစ္စတစ်ခုကို ပြုလုပ် ပြောဆိုခဲ့မိဖူးပါသည်။
ထိုအမှုသည် ချစ်သူအား ပိုင်ဆိုင်လိုစိတ် ၊
ဖြူစင်သောမေတ္တာစစ် ၊ မေတ္တာမှန်ဖြင့်
တစ်ဘ၀လုံးလက်တွဲလိုစိတ်ဖြင့်သာ
မှားယွင်းခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံပါသည်။
ဤမှန်ကန်သော သစ္စာစကားကြောင့်
ဖြစ်လေရာ ဘ၀ဆက်တိုင်း ချစ်သူရှိရာ
မြေကမ္ဘာမှာ
သန္ဓေတည်ရပါစေသား ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service