င့ါ စာသားတွေရဲ့ နောက်က မင်း
အိပ်မက် ……
ငါ ခဏ ခဏ မက်လို့  မပျော်
အိပ်စက်ခြင်းရဲ့  အရသာကို
ဖျက်စီးလို့  နှောက်ယှက်တဲ့
နင့် … ပုံရိပ်တွေ
ဘယ်လို မေ့မေ့ ….
ဝင်နေတုန်းပဲလား ။
ဒဏ်ရာ ….
ခဏ ခဏ မင်းပေးခဲ့လို့ 
ငါ့ ရင်ထဲမှာ ထင်ကျန်ခဲ့
အနှစ်ရတဲ့ ဝေဒနာ တခုကို
ဘယ်အချိန်ထိ သိမ်းထားရမှာလဲ
နင် မုန်းတဲ့လို့ ပြောခဲ့တဲ့ …. နေ့ ပေါ့။
ဝေဒနာ ….
သူ မေ့ပျောက်အောင်လို့ 
ကုစားပေးပေမယ့် ….
ရင်တွင်း ဝေဒနာ
ပျောက်ခဲ့ရင်တောင်
အမာရွတ်ကျန်လို့ မမေ့
ရင်ထဲမှာ …..
နာမည် တခု ရှိနေမယ်ဆိုတာ
သိနေချင်ခဲ့တယ် ။
Comment #2
နှစ်သက်စွာအားပေးသွားပါတယ်
By: အသဲကွဲ မိုး at Apr 20, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုက်တယ် ကဗျာက.. 🙂