တွေဝေနေမှာလား ..မောင်
အနမ်းပင် မပျိုးလေနဲ့
အလွမ်းပင်တွေ
ရိုးမယ်ဖွဲ့မှာစိုးတယ်
နွမ်းရက်တွေ မရှည်ကြာလိုဘူး မောင်
လေအဝှေ့မှာ ကြွေဆင်း
ခရေလေးတွေ မြင်တတ်ခဲ့ရင်
ခြေနင်းလို့ သွားလေမလား
ရင်မအေး တဲ့ ဘ၀မျိုး
တကြိမ်တခါ .. မောင်များ
ကြုံဖူးလေသလား
တသက်တခါ ခုန်ဖူးတဲ့ ရင်
တစုံတရာ ထူးခြားမလာဘူးဆိုရင်တောင်
ရူးသွားလောက်အောင်
ချစ်ဖူးသွားတာပါ .. !
မောင်က .. ခံစားချက်တွေ
ကျောခိုင်းနေတတ်သူလား
နားမလည်သူလား
ရင်ပူအောင် တွေးခဲ့ရသူပါ
တကယ်တမ်း ဝေးကြမယ်ဆို
နှုတ်ဆက်မလေနဲ့တော့
ကျမမျက်ဝန်းတွေ
မိုးစွေ နေမှာစိုးတယ် ..
ထွက်မသွားပါနဲ့လို့ မတားရက်ဘူး
ပြန်လာမှာကိုတော့ မျှော်လင့်မိသူပါ
လွမ်းသူ့ ခေါ်သံတွေကြား မှာ
မောင်တယောက် တွေဝေနေဦးမှာလား …
လွမ်းလှိုင်း
Comment #4
မောင်က .. ခံစားချက်တွေ
ကျောခိုင်းနေတတ်သူလား
နားမလည်သူလား
ရင်ပူအောင် တွေးခဲ့ရသူပါ …………………. ( တကယ်လဲတွေးနေရပ်ါတယ်.)
Comment #5
လှလိုက်တဲ့စကားလုံးလေးတွေနော်
Comment #6
အားပေးသွားပါတယ် …..လွမ်းလှိုင်း
Comment #11
oh,,,
ngo like dot me naw
Comment #12
ထွက်မသွားပါနဲ့လို့ မတားရက်ဘူး
ပြန်လာမှာကိုတော့ မျှော်လင့်မိသူပါ
လွမ်းသူ့ ခေါ်သံတွေကြား မှာ
မောင်တယောက် တွေဝေနေဦးမှာလား …
Comment #1
ကြ်ုက်တယ်ဗျာ