တနင်္လာနေ့ရေးသော တနင်္ဂနွေနေ့အကြောင်းများ
ပြန်မတွေးချင်ခဲ့ဘူး
မနေ့က အကြောင်းတွေကို
ကြားယောင်နေချင်သေးတယ်
မနေ့က ပြောခဲ့တဲ့ စကားတွေကို
အာရုဏ်တွေထဲက ပျောက်မသွားဘူး
မနေ့က ဖြစ်ပျက်ခဲ့တာတွေပေါ့
ပျောက်ဆုံးသွားသလို ခံစားမိတယ်
မနေ့ကကြောင့်ပေါ့
ပိုပြီးတော့လည်း ရင်ခုန်လာမိတယ်
မနေ့ကကြောင့်ပေါ့
ခံစားရမှာကို ကြောက်နေမိတယ်
မနေ့က အကြောင်းတွေကို
လွမ်းဆွတ်စွာနဲ့ တမ်းတနေချင်သေးတယ်
မနေ့က အကြောင်းတွေကိုပေါ့…………..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
bar tway hman ko ti dot bu