“မ” ကြောင့်ချစ်တတ်ခဲ့ပြီ
သံယောဇဉ်ဆိုတာ မစားကောင်းတဲ့
သစ်သီးတစ်လုံးမှန်း သိလျက်နဲ့
ကျွန်တော်က မြိန်ရှက်စွာစားသုံးမိခဲ့ပေါ့
“မ” ရယ်……………..။ ။
အလွမ်းကြောင့် ထတောက်ခဲ့တဲ့
မီးတောက်ကြီးထဲ ကျွန်တော့်တစ်ကိုယ်လုံး
ပြာကျတော့မယ်ထင်ပါရဲ့။
ကျွန်တော်ဟာ “မ” နဲ့မတွေ့ခင် ၁၇နှစ်လုံးလုံး
ခံစားချက်မဲ့တဲ့ ရင်ဗလာနဲ့
အိပ်မောကျနေခဲ့တယ်……..။ ။
ကျင့်သားမရသေးတံ့ ဒီရင်မှာ
ရင်ခုန်သံတွေ ကဆုန်ပေါက်လို့
ကျွန်တော် အိမ်မက်ကနေ
လန့်ဖျပ်ပြီး နိုးထလာခဲ့တယ်……………..။ ။
ပျင်းရိငြီးငွေ့ဖွယ် ကျွန်တော့်ကမ္ဘာဟာ
အမှတ်တမဲ့ “မ” ရောက်ရှိခဲ့တဲ့
၂၀၁၀ခုနှစ် စက်တင်ဘာကစလို့
စိမ်းလန်းလာတော့မယ်ထင်ပါရဲ့
“မ” ရယ်……….။ ။
အိပ်မက်တောင် ထည့်မမက်ဖူးခဲ့တဲ့
အချစ်ဆိုတဲ့ ကာရန်ညီညီကဗျာတစ်ပုဒ်ကို
“မ” နဲ့ကျမှ နှလုံးသားနဲ့ရင်းပြီး
ဖတ်ရှုတတ်လာတယ်……..။ ။
အထပ်ထပ် ကာရံပိတ်လှောင်ထားတဲ့
နှလုံးသားရပ်ဝန်းက အိမ်ငယ်လေးဆီ
လေပြည်နဲ့ အလားသဏ္ဌာန်တူတဲ့
“မ” ရဲ့ပုံရိပ်တချို့
နေ့တိုင်းတံခါး လာလာခေါက်တယ်……………….။ ။
မာကျောလွန်းတယ်လို့
အထင်ရှိခဲ့ဖူးခဲ့တဲ့ အသည်းနှလုံး
“မ” ဆိုတဲ့မြစ်လက်တက် ကျဉ်းကျဉ်းလေးထဲ
အလွယ်တကူ စီးဆင်းခဲ့ပြီပေါ့။
ကျွန်တော်ဟာ “မ” နဲ့ကျမှ မာနတွေခ၀ါချပြီး
သိက္ခာကို သတ္တိရှိရှိ
မြောင်းထဲလွှင့် ပစ်ရဲခဲ့တယ်……………။ ။
အလွမ်းတွေဟာ
မီးလိုပူတယ်ဆိုပေမယ့် ကျွန်တော်ကလေ
ပိုးဖလံတစ်ကောင်ထက်ပိုပြီ မိုက်မဲရူးသွပ်စွာ
လွမ်းပြီးရင်းလွမ်းချင်နေတယ်
“မ” ရယ်……….။ ။
ကျွန်တော့်နှလုံးသားကျောက်စာတိုင်မှာ
“မ” အပေါ်ဖြူစင်စွာထားတဲ့ မြတ်နိုးမှုတွေရယ်
နေ့စဉ်နေ့တိုင်း ရင်ကွဲမတတ်လွမ်းရတဲ့
တမ်းတလွမ်းဆွတ်မှုတွေချည်း
ကမ္ပည်းတင်ထားလိုက်ချင်တယ်
“မ” ရယ်……………………………။ ။
ထူးသူရဇွဲ
(၃.၁၀.၂၀၁၀)
Zwe
အချစ်ဆုံး “မ” အတွက်
“မ” အမြဲပျော်ရွှင်နိုင်ပါစေ။
Comment #3
ကျွန်တ်ာလည်း မကိုလွမ်းနေသူတစ်ဥိးပါ ကဗျာလေးကအရမ်းကောင်းပါတယ်
Comment #5
မ ..ကို လွမ်းသလို..
မောင့်ကိုလွမ်းနေတယ်ဆ်ုတာ..မောင်တရောက်သိမယ်ဆ်ုရင်…
အ၇မ်းကောင်းမှနော်
Comment #7
ကောင်းတယ် ကဗျာလေး က ဘာလို့လဲ ဆိုတော့ ကျွန်တော်ကိုယ်တိုင်က လည်း မ ကိုချစ်နေတယ်လေ အကြံကတော့မပေးတတ်ဘူး။ ကျွန်တော် ကိုယ်တိုင်ကလည်း ၇ူးနေလို့လေ မစားကောင်းမှန်းသိ၇က်နဲ့ သူ၇ဇွဲလည်း စားသုံးနေတာပဲလေ ။ဆက်ပြီးေ၇းသားနိုင်ပါစေ
Comment #8
nice simple poem
Comment #10
🙂
🙂
🙂
Comment #1
အဲဒီ
မဆိုတယ့်သူနဲ့
သက်ဆုံးတိုင်ပေါင်းနိုင်ပါစေလို့ဆုတောင်းလိုက်တယ်နော်