ပျော်ရွှင်ပါစေ
အတူယှဉ်တွဲလျှောက်လှမ်းခဲ့တယ်……..ဆိုတာထက်
အမှန်တနေရာ..နင်လျှောက်လှမ်းဖို့…….
မျက်ရည်ခံထိုး….လက်ကမ်းခဲ့ရသူပါ…..
အတူဖြတ်သန်းခဲ့ကြတယ်….ဆိုတာထက်
နင်အဆင့်တက်ဖို့……..ငါအနိမ့်ကြိုက်ပေးခဲ့သူပါ
ပေးဆပ်ခြင်း..??? ငါ့ကိုပြန်မမေးပါနဲ့…..
နံမည်ကောင်းမယူနိုင်ခင်…..ပြိုလဲပေးခဲ့သူပါ….
အကြိမ်ကြိမ်တောင်းပန်တဲ့ကြားက..
ထောင်နှုတ်ခမ်းပြင်မှာ…နင်လှမ်းလျှောက်
ခလုပ်မထိ ဆူးမညှိအောင်……ငါ့မာနတွေ..
နင်းစေခဲ့သူပါ……
ငါ တယုတယပျိုး…….
အရိပ်တကြည့်ကြည့်….စောင့်ကြပ်
နုနုရွရွအလှကြည့်မယ် …… စိတ်ကူးလေးယဉ်တာတောင်
တခန်းမပြည့်လိုက်ဘူး……ငါပျိုးထားတဲ့
လူမိုက်အလင်းဝင်လေး……..
ကောက်ကောက်ပါအောင်…
နောက်တယောက်နောက်လိုက်သွားတာများ………………..
တလှမ်းချင်းလိုက်ရင်….
ခပ်ဝေးဝေးကျန်မှာစိုးလို့ထင်……..တယုတယဒီရင်ခွင်ကို
ရူးရူးမိုက်မိုက်စုံကန်..ထွက်သွားတာ…….
သနားကြည့်တောင်..လှည့်မကြည့်နိုင်အောင် ….
…………………………………………
……..ဘာဆို..ဘာမှ..ငါ….ပြောမထွက်ခဲ့ဘူး……..
စုံကန်ခြေရာလေး…..ငါပုံမှန်သိမ်းထားနိုင်ဖို့………..
အသက်မျှင်းမျှင်းကျန်အောင်……..ကြိုးစားနေတယ်.
…………ပျော်ရွှင်ပါစေ…………………
Comment #2
တလှမ်းချင်းလိုက်ရင်….
ခပ်ဝေးဝေးကျန်မှာစိုးလို့ထင်……..တယုတယဒီရင်ခွင်ကို
ရူးရူးမိုက်မိုက်စုံကန်..ထွက်သွားတာ…….
သနားကြည့်တောင်..လှည့်မကြည့်နိုင်အောင် ….
မမိုးအားပေးသွားတယ်..
Comment #3
မိုးကိုအစဉ်တစိုက်နဲ့ မိုးကဗျာလေးတွေကိုအားပေးတဲ့မောင်နှမများအားလုံးကျေးဇူးတင်ပါတယ်
Comment #7
ငါ တယုတယပျိုး…….
အရိပ်တကြည့်ကြည့်….စောင့်ကြပ်
နုနုရွရွအလှကြည့်မယ် …… စိတ်ကူးလေးယဉ်တာတောင်
တခန်းမပြည့်လိုက်ဘူး……ငါပျိုးထားတဲ့
လူမိုက်အလင်းဝင်လေး……..
ကောက်ကောက်ပါအောင်…
နောက်တယောက်နောက်လိုက်သွားတာများ………………..ကြိုက်တယ်ဗျာ share p nior
Comment #9
&__&
&__&
&__&
Comment #1
…………………………………………
……..ဘာဆို..ဘာမှ..ငါ….ပြောမထွက်ခဲ့ဘူး……..
စုံကန်ခြေရာလေး…..ငါပုံမှန်သိမ်းထားနိုင်ဖို့………..
အသက်မျှင်းမျှင်းကျန်အောင်……..ကြိုးစားနေတယ်.
…………ပျော်ရွှင်ပါစေ…………………