နှင်းဆီလွမ်းချင်း
ပြာလွင့်လွင့်ကောင်းကင်အောက်
မက်လောက်တဲ့အတိတ်တုံးက
နှင်းဆီတွေလေ ငါ့ရင်ခွင်ထဲ
ပျိုးမကြဲဘဲပေါက်ရောက်လို့
နီစွင့်စွာလန်းပွင့်ခဲ့တယ်…..
ပျို့ကောင်းကင်ညို့မှိုင်းလို့
အုံ့ဆိုင်းတဲ့ ပစ္စုပ္ပာန်မှာတော့
လေပြေကပဲပါးသလား
ရင်ခွင်ကပဲခါးသလား
ငါ့နှင်းဆီတွေဖျားနေတယ်….
ရွှေယုန်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
း)
ညီမလည်း ဓာတ်ခံရှိတယ်နော်
း)
အကိုအခုမှ သိတယ်။