ကဒ်(cut) – သက်ထွေး
ဘ၀မှာ …
လက်ပစ်ကူးတတ်တယ်ဆိုရုံလေး …
စိတ်တစ်ခုရဲ့ အတိမ်အနက်
ဘယ်တွက်ချက်တတ်မလဲ။
ကြယ်တစ်ပွင့်ကြွေ ….
ပန်းတစ်ပွင့်ဝေ ….
အထားမမှားဘဲ ပျောက်သွား
နေ၀င်သွားကြတဲ့ သဘာဝများ။
ချန်ရစ်သူ .. နဲ့ .. ကျန်ရစ်သူ
ဝေဒနာ မတူနိုင်ဘူး …
စက္ကန့်တံတစ်လက်
လည်ပတ်သံ အက်နေတယ်။
စိတ္တဇည
ဆန္ဒဟာ
ကိုယ်ထင်ပြ …
စီးစရာ
စက္ကူလှေကြီးကကြီး
ရေစီးကမရှိဘူး။
အစွဲအလန်း
သင်္ကေတ
အသင်္ချေမကဘူး …
ခံပြင်းမှု အဆင်အပြင်ဟာ
အသက်အရွယ်ရတဲ့အခါ
ယဉ်ယဉ်လေးလှလာတယ်။
ပြီးပါပြီ …
ဇာတ်ဆရာအလိုကျ
လိုက်ကာဆွဲကာရတော့မယ်
ဘယ်လိုပြင်ဖတ်ဖတ်
ဘ၀မှာ ရိုက်ကွက်တွေထပ်နေတယ်။ ။
သက်ထွေး
အောက်တိုဘာ ၁၀ ရက် ၂၀၁၀ မနက် ၁း၃၀
Comment #3
ချန်ရစ်သူ .. နဲ့ .. ကျန်ရစ်သူ
ဝေဒနာ မတူနိုင်ဘူး …
စက္ကန့်တံတစ်လက်
လည်ပတ်သံ အက်နေတယ်။
မိုက်တယ်ဗျာ…………….
Comment #4
စိတ္တဇည
ဆန္ဒဟာ
ကိုယ်ထင်ပြ …
စီးစရာ
စက္ကူလှေကြီးကကြီး
ရေစီးကမရှိဘူး။
အစွဲအလန်း
သင်္ကေတ
အသင်္ချေမကဘူး …
ခံပြင်းမှု အဆင်အပြင်ဟာ
အသက်အရွယ်ရတဲ့အခါ
ယဉ်ယဉ်လေးလှလာတယ်။
Comment #7
သြော်ရိုက်ကွက်တွေထပ်နေကျရတဲ့ဘ၀း(း(း(း(
Comment #9
အရမ်းကောင်းပါတယ်
Comment #1
ပြီးပါပြီ …
ဇာတ်ဆရာအလိုကျ
လိုက်ကာဆွဲကာရတော့မယ်
ဘယ်လိုပြင်ဖတ်ဖတ်
ဘ၀မှာ ရိုက်ကွက်တွေထပ်နေတယ်။ ။
အဆုံးပဲသဘောကျတယ်လို့ မရည်ရွယ်နဲ့နော်..
အဆုံးထိ သဘောကျတယ်လို့ ဆိုလိုတာ..