အမည်မပေးရသေးပါ
သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေများစွာထဲမှာ
ကိုယ့်ကိုကိုယ်ချုပ်နှောင်နေမိတော့လည်း
ဒီရင်ထဲအလွမ်းတွေက သည်းလွန်းတယ်
အနားမှာသူမရှိပေမယ့်
ရင်ထဲမှာ သူအမြဲရှိတယ်
ဒါကို သူမသိနိုင်တော့
အရင်လိုပါပဲ
အရာရာဟာ အရင်ကလို
သူမရှိတာကလွဲလို့
ချစ်တတ်အောင် သင်ယူခဲ့ရင်းနဲ့
ကိုယ်လွမ်းတတ်ခဲ့တယ်
နေသားကျဖို့ ကြိုးစားနေရင်းနဲ့မှ
ဒီရင်က ထိလွယ်ရှလွယ်
ကိုယ်ဟာကြေကွဲလွယ်ပါတယ်
ထားခဲ့တဲ့အတိုင်းလည်း နေခဲ့ပါတယ်
ပြန်ခဲ့မယ်ဆိုလည်း ကြိုနေမယ့်သူပါ
မင်းသဘောပါပဲကွယ်။ ။
ရေးတော့ရေးလိုက်မိတယ်။ခေါင်းစဉ်ကို စဉ်းစားမရပြန်ဘူး။
အကယ်၍ ဖတ်မိခဲ့တဲ့သူတွေထဲက နာမည်လေး စဉ်းစားပေးမယ်ဆိုရင်
ကျေးဇူးတင်နေမှာပါ။ ။
Comment #2
အတိတ်ကိုယူဆောင်လာခြင်း
လို့ပေးရင်မိုက်မယ်

Comment #3
လွဲမှားသော ရလဒ်

Comment #4
ဟဟဟ သူ့ဟာသူကဗျာရေးပြီးဖတ်မိတယ့်လူကိုတောင်ပြန်ခိုင်းတက်တယ့်ကဗျာဆရာမျိုးလည်းရှိသေးသကိုး ………

Comment #5
မင်းသဘော

Comment #7
“အချစ်ကြီးသူဧ။် သဘောထား”ပေးချင်တယ်

Comment #8
အမည်မပေးရသေးပါ..d title lay ka pl…1 myo sann loz chit pho kg pr tal..ko zaw thet oo yay…

Comment #9
I m not zaw they oo.

Comment #10
အားပေးသွားပါသည်

Comment #11
Arr tay p..marr mha mharr tat pa lae..sorry amyar gyi pr norman yat…^^

Comment #12
မင်းသဘော

Comment #1
မပြောင်းလဲခြင်း ဆို၇င်ကော?