ပဲ့ကြွေပြက္ခဒိန် (သက်ထွေး)
ထွက်သက်ရဲ့
ရှုခင်းတွေ
အစိမ်းရောင်မဆန်ခဲ့ …
အခိုး အငွေ့ဆန်တဲ့
လောက လေးထဲ
အမာရွတ် တစ်ခုလောက်တော့
ထင်မာစွာ
ကျန်ရစ်ခဲ့ချင်တယ် ။
နံနက်ခင်းအကြောင်းရေးတဲ့
ကဗျာထဲ
ညနေ ဆည်းဆာတွေ
ပါချင်ပါမယ် ..
ဘာလုပ်မှာလဲ
အချစ်တွေရှိပြီး အမုန်းတွေမရှိတဲ့
ကဗျာ ..
ချိတ်ဆွဲလို့
ကောင်းမယ့် ..
ဒဏ်ရာ ခပ်လတ်လတ်တွေပဲ
ငါလိုချင်တယ် ။
ဒိုင်ယာရီနဲ့
ဆေးမင်ကြောင်
သဘောတရားတွေ နားလည်လို့
သမိုင်းကြောင်း ရေးဖြစ်ခဲ့တာ
မဟုတ်ပါဘူး ..
တိတ်ခွေ တစ်ခွေလို
သံဝေဂတွေ ရစ်ပြီး
ကြည့်နိုင်ခဲ့ဖို့
ဘယ်သန် လက်တစ်ဖက်ကနေ
အလင်း အမှောင် ပုံရိပ်တွေ
ပုံနှိပ်ထုတ်ဝေခဲ့တယ် ။
အခြားအခြားသောနေ့တွေ အတွက်ပါ
တစ်ခါထဲ
မျက်နှာသစ်ခဲ့မယ် …
လက်ချိုး ရေမနေနဲ့တော့ဆိုလို့
ရှုဖို့ လေတောင်
အချိန်ပေးပြီး
ရွေးမနေခဲ့ဘူး …
နှုတ်ဆက်ခဲ့တယ်
တူညီမျက်နှာဖုံးတို့ ..
ပဲ့ကြွေနေတဲ့
ပြက္ခဒိန်တွေကို
မင်းတို့
မေ့ မထားကြနဲ့ … ။
သက်ထွေး
မေ ၂၀ ၂၀ဝ၈ နေ့လည် ၂း၅၀
Comment #1
အဟတ်… သူကြီးတော်တော်ညစ်ပတ်တယ်… အဲလို ညစ်ညမ်းတဲ့ ကဗျာတွေ နောက်မရေးပါနဲ့… ဘာတဲ့… နောက်နေ့တွေအတွက်ပါ မျက်နှာသစ်ခဲ့တယ်… ဟုတ်စ? Swine Flu တွေဖြစ်နေလို့ လက်တောင်အချက် ၈ ချက်နဲ့ သေချာဆေးခိုင်းနေတဲ့အချိန်မှာ သူကမျက်နှာတောင်ပေါင်းသစ်လိုက်သေးတာ… ဟီးဟီး… အန်းနီးဝေး… ကဗျာကောင်းပါတယ်… ကောင်းတော့ ဘာရေးရမှန်းမသိဘူး… ကောင်းတယ်လို့ပဲမှတ်ပါ 😛