ငါ့လိုမိန်းမ
…………………………….
ငါနင့်ကို သိပ်ချစ်တယ်
အဲဒီထက်ပိုတဲ့စကားလည်း……..ငါမပြောတတ်
ငါလွမ်းနေပါတယ်………
လွမ်းတာထက်လည်း……..ငါဘာမှ သက်သေမပြနိုင်
……….
ငါချစ်တဲ့နင်…….
ငါ့ကို မချစ်တဲ့အခါ…….ဘယ်လိုကြေကွဲရမှန်းတောင်
ငါ……..မရေရာနိုင်ခဲ့…….
သိနေတယ်…နင်မလိုချင်မှန်း……
မြင်နေတယ်…နင့်ပြောင်းလဲမှုတွေကို
ကြားနေတယ်…နင်ပြောခဲ့တာတွေကို
……..
မဖြေသိမ့်နိုင်ဘူး……….
ငါ့အတွက်..ဒီလမ်းကလွဲလို့
ပြေးစရာမြေမရှိ………
သေချာပါတယ်…….နင့်ကိုချစ်တာ…..
ဖွေရှာတယ်..နင့်အနားရောက်နိုင်ဖို့………
ဒါပေမယ့်……..
ဒါပေမယ့်………နင်ထားခဲ့ချင်နေမှတော့
နီးစပ်ဖို့ဆိုတာ…..နင့်အတွက်..ဒဏ်ရာ
…သိသိကြီးနဲ့….
ငါ့အတွက်နင် လို့..ခြေကန်ငြင်းနေတုန်းပဲ
……..
ပြောပါ..ပြောလိုက်စမ်းပါ…
လမ်းခွဲဖို့……..
သုံးပါ….ရက်ရက်စက်စက်သုံးပါ..
ငါနာကျင်မယ့်စကားလုံးကြမ်းကြမ်းတွေ
…………..
နေလိုက်မယ်…နင်နဲ့ဝေးရာ
ဖြေလိုက်မယ်…ငါနေတတ်တယ်လို့…
ငါ့ဘက်တော့…..လှည့်လို့တောင်မကြည့်နဲ့…
ကြေကွဲမျက်ရည်တွေထဲ……
အတိတ်ကို…သာယာနေတာ…
ဝေခွဲမရမေးခွန်းတွေနဲ့…….နင့်ကိုသေအောင်ချစ်နေမယ့်ငါ!!!!
ရိုးမြေကျ(အသဲကွဲမိုး)
Comment #5
ကျေးဇူးတင်ပါတယ်….အားပေးတဲ့မောင်နှမများအားလုံး
Comment #6
အရမ်းကြိုက်တယ်ခံစားချက်တူနေလို့
Comment #7
ဝေခွဲမရမေးခွန်းတွေနဲ့…….နင့်ကိုသေအောင်ချစ်နေမယ့်ငါ!!!!
Comment #9
ငါချစ်တဲ့နင်…….
ငါ့ကို မချစ်တဲ့အခါ…….ဘယ်လိုကြေကွဲရမှန်းတောင်
ငါ……..မရေရာနိုင်ခဲ့…….
သိနေတယ်…နင်မလိုချင်မှန်း……
Comment #10
ငါနင့်ကို သိပ်ချစ်တယ်
အဲဒီထက်ပိုတဲ့စကားလည်း……..ငါမပြောတတ်
ငါလွမ်းနေပါတယ်………
လွမ်းတာထက်လည်း……..ငါဘာမှ သက်သေမပြနိုင်
……….
ငါချစ်တဲ့နင်…….
ငါ့ကို မချစ်တဲ့အခါ…….ဘယ်လိုကြေကွဲရမှန်းတောင်
ငါ……..မရေရာနိုင်ခဲ့…….
သိနေတယ်…နင်မလိုချင်မှန်း……
မြင်နေတယ်…နင့်ပြောင်းလဲမှုတွေကို
ကြားနေတယ်…နင်ပြောခဲ့တာတွေကို
……..ဒါပေမဲ့ လေ ငါအရမ်းချစ်တယ် တကယ်ခဲစားချက်ကိုသိလိုက်ရသလိုပဲ
အရမ်းကြိုက်တယ်.
Comment #12
Ma Tay ma chinn chit de
Comment #13
ငါလွမ်းနေပါတယ်………
လွမ်းတာထက်လည်း……..ငါဘာမှ သက်သေမပြနိုင်
Comment #14
Ma Tay ma chinn pop.
!_!
!_!
Comment #15
သိနေတယ် နင်မလိုချင်မှန်းး
Comment #1
နေလိုက်မယ်…နင်နဲ့ဝေးရာ
ဖြေလိုက်မယ်…ငါနေတတ်တယ်လို့…
ငါ့ဘက်တော့…..လှည့်လို့တောင်မကြည့်နဲ့…
ကြေကွဲမျက်ရည်တွေထဲ……
အတိတ်ကို…သာယာနေတာ…
ဝေခွဲမရမေးခွန်းတွေနဲ့…….နင့်ကိုသေအောင်ချစ်နေမယ့်ငါ!!!!
ကောင်းလိုက်တာဗျာ… ကျွန်တော်ဆို သီချင်းတောင်လုပ်ဆိုပစ်ချင်စိတ်ပေါက်တယ်.. တကယ်တကယ်..