တစ်ဖက်သတ်ခံစားချက်
မင်းလိုချင်တယ်ဆို၇င်ပေါ့
အာဒံလက်ကပန်းသီးကို
အသေခံပြီး
ပြန်လုပေးနိုင်တယ်။
မင်၇ချင်တယ်ဆို၇င်ပေါ့
ငမိုး၇ိပ်ကို
အသက်ရှင်၇က်နဲ့
ယူလာပေးမယ်။
မင်းဖြစ်စေချင်တယ်ဆို၇င်ပေါ့
ရိုမီယိုနဲ့
ဂျုးလိယက်ကို
အသက်ထက်ဆုံးပေါင်းဖက်ပေးမယ်
မင်းကြေကွဲနေတယ်ဆို၇င်ပေါ့
ကိုယ်ဘေးနားကနေ
ဖြေသိမ့်ပေးမယ်
မင်းငိုချင်နေတယ်ဆို၇င်ပေါ့
ကိုယ့်ပုခုံးတစ်ဖက်ကို
ငှားပေးနိုင်တယ်
မင်ပျော်မယ်ဆို၇င်ပေါ့
ကိုယ်ဘာမဆိုလုပ်ပေးနိုင်တယ်
မင်းမလိုချင်တော့ဘူးဆို၇င်ပေါ့
မင်းဘေးကနေ
တိတ်တိတ်လေး
လေပြည်လေးလိုထွက်သွားလိုက်မယ်
တကယ်တော့လေ
ကိုယ်ဘ၀ဟာ
မြင်သာမြင်၇
မကြင်၇တယ့်
ဘ၀ပါလားနော်
Comment #2
ဟုတ်ကဲ့။ ခံစားချက်တွေအပြည့်ပါပဲ။ အဲဒီကဗျာစပ်တုန်းကphysicsအချိန်မှာတစ်ယောက်တည်း၇ယ်နေလို့
ဆ၇ာကရူးနေလားလို့အမေးခံ၇ဘူးပါတယ်။
commentအတွက်ကျေးဇူးပါနော်။
By: hnin.phwe.lay at Oct 26, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မင်းလိုချင်တယ်ဆို၇င်ပေါ့
အာဒံလက်ကပန်းသီးကို
အသေခံပြီး
ပြန်လုပေးနိုင်တယ်။
မင်၇ချင်တယ်ဆို၇င်ပေါ့
ငမိုး၇ိပ်ကို
အသက်ရှင်၇က်နဲ့
ယူလာပေးမယ်။
မင်းဖြစ်စေချင်တယ်ဆို၇င်ပေါ့
ရိုမီယိုနဲ့
ဂျုးလိယက်ကို
အသက်ထက်ဆုံးပေါင်းဖက်ပေးမယ်
……………………….
ခံစားချက်တွေအပြည့်ပဲ……..