ကိုယ်တွေ့
ကြယ်ကြွေတိုင်း ဆုတောင်းခဲ့ချင်တာပေါ့လေ
ဒါပေမယ့် ……
ကြယ်ကြွေဖို့ကို ပဲ မနည်း ဆုတောင်းနေရတဲ့ ဘဝ
ဘုရားသခင် ပြောခဲ့တဲ့ ဆုံးမစကား တွေကလည်း
ဟိုနားတစ်စု ဒီနားတစ်စု “ အတင်း ” တွေလို မွှန်ထူလို့ …
ဂုဏ်သိပ်ခါ အတွက်လား
“အူမ” တောင့်ဖို့ အတွက်လား
ခွဲခြားသိနိုင်ရင် တရေးတမော အိပ်လို့ရပီ
လေသလပ် ခံဖို့ တစ်ခုတည်း အတွက်နဲ့တော့
ခေါင်းလုံးဝ မမော့မိစေနဲ့။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service