ဒီဇာတ်မှာ “ ….. ရာမ” လွမ်းမယ် …
နင့် ဇာတ်ညွှန်းက ဗီးနပ်စ် ကို
နေရထိုင်ရတာ ပဒိုင်းသီးစားမိစေသလို …
ဇာတ်လမ်းအဆုံးမှာ လွမ်းရဖို့အတွက်
နင့်ဆီက နှလုံးသား ခဏ ငှားသုံးမယ် ..
နှင်းဖြူရောင် သွားတက်ကလေးနဲ့လည်း
အသည်းက ပါးပါးလှပ်လှပ် ကလေးကိုဖြစ်လို့
ဘယ်နှစ်ယောက်မြောက် “ ဒသ” ဖြစ်ဖြစ်ပါ
မျက်ရည်မစိုရဲတဲ့ ငါ့နှလုံးသားအတွက် “ ရာမ ” ပေါင်းများစွာကို
ငါ … စစ်ကြေညာမယ် ..။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service