တိုလီမုတ်စ – ၁
မင်းကိုချစ်ရတာ မူဆလင်တွေကြားထဲ ၀က်တစ်ကောင်ဆွဲသွားရသလိုပါပဲ …
အကုန်လုံးက ဘယ်လိုအကြည့်တွေနဲ့ ကြည့်မယ်ထင်သလဲ …?
…………………………………………………………………………………………
နင် … ဒညင်းသီး စားမလာတဲ့ နေ့ ဆိုရင် ငါ့နှာခေါင်းက တစ်ခုခုလိုနေသလိုပဲ ..
အဲဒါကြောင့် နင့်ကိုငါ နမ်းမယ် …
…………………………………………………………………………………………
ဒုတိယ လူအဖြစ်နဲ့ ကျန်ရစ်နေခဲ့ရင်တောင်မှ
သတိတရ တွေ တစ်ပုံတစ်ပင်ကြီးနဲ့
နလပိန်းတုံး တစ်ယောက်လို
သောနုတ္တိုရ် ဇာတ် ဆက်ခင်းပလိုက်မယ်
…………………………………………………………………………………………
ငါ့နှုတ်ခမ်းနဲ့ နင့် နှာသီးလုံးကလေးနဲ့ ထိတဲ့ အချိန်လေးကို …
ဘယ်နတ်သုဒ္ဓါနဲ့မှ ငါမလဲနိုင်ဘူး …
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service