မင်္ဂလာ
မင်္ဂလာ
ကြယ်အကြွေမှာ ငိုနေတဲ့ကောင်းကင်ကို ဘယ်သူကြည့်ဖူးသလဲ
ဆုတောင်းတွေ ပုံပိနေတဲ့ရင်ဘတ်နဲ့ မနက်ဖြန်မှာ အားငယ်နေတတ်တဲ့ ကောင်းကင်
နင်အရင်တခါလို ပြိုမကျပါနဲ့
ငါတိမ်တွေလိုရွာနေတုန်း နင် မငိုပါနဲ့ဟာ….
ငါရင်ဘတ်ပြိုးပြိုးပြက်ပြက်နဲ့ တလက်လက်အက်နေတုန်းလဲ နင့်ရင်ခွင်ကို ရှိုက်သံတွေထွက်မပြပါနဲ့
ငါမနက်ဖြန်မှာ စောင့်နေမယ် နင်လမ်းကြုံရင် ၀င်ခဲ့ပါ
အရာရာ ပါးလျှားနေတဲ့ ခေတ်မှာ ငါမေတ္တာတရား နင်လိုရင် ငှားပါရစေ…
နောက်ဆုံးမှာ ထားခဲ့ပါ…. နောက်ဆုံးမှာတော့ နင်လိုရာ
နင်သာလျှင်အရှင် နင်သာလျှင် သခင် ငါကတော့ နင်မြင်မှ ကြင်မယ့်သူ
သခင်ခူးဖို့ ငါ သွေးခြင်းခြင်းနဲ့ ကြူးထားခြင်းတဲ့သီချင်း
နင်းသာနင်းသွားပါ …
တကယ်တော့ ဒါ….. နင်ပြောတဲ့ မင်္ဂလာ
Comment #2
ကြယ်ကြွေမှာ တော့ ဘယ်သူမှ ကောင်းကင်ကြီးငိုမငို မကြည့်နေတော့ဘူး ကြွေတယ့် ကြယ် ကို လိုက်ကြည့် ပြီးဆုတွေတောင်နေရလို့ ။( အဒီ့ထဲနာမပါ )

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အဟဲ
မိုက်လဒယ်သားကြီး
…
ငါလဲအနင်းခံလိုက်ဦးမယ်
😛