ငယ်ချစ်ဦး
ဟိုးအဝေးကြီးကိုထွက်သွားတယ်
ဆိုတာကလွဲပြီး
စာမလာသတင်းမကြား
နံရံတွေခြားခြားသွားခဲ့။
ခပ်ဝေးဝေးကနေကြည့်နေတတ်တဲ့
မျက်ဝန်းတစ်စုံကို
ဘယ်မှာသွားပြန်ရှာရမလဲ။
ကဗျာတိုလေးတွေ
ရေး ရေးပြီး
နင့်ရဲ့အချစ်ကိုသက်သေပြတတ်တဲ့
Leonardo မဟုတ်တဲ့နင်ဟာ
ဟိုးအဝေးကြီးကိုထွက်သွားတယ်
ဆိုတာကလွဲပြီး။.
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service