အညတရကဗျာ
ဘ၀ဟာ မယ်တင်သီချင်းလောက်တောင်
လွမ်းစရာမကောင်းခဲ့။
စာရွတ်တစ်ရွတ်ပေါ်က
ဖတ်ပြီးမေ့သွားမယ့်
ကဗျာတစ်ပုဒ်ထက်မပိုခဲ့။
အဝေးပြေးလမ်းမနက်နက်ပေါ်က
အဝေးပြေးကားတစ်စီးလိုသာ
အဝေးကြီးပြေးနေခဲ့။
ခရီးရောက်ရောက်မရောက်ရောက်
ဆက်ပြီးပြေးခဲ့
ဆက်ပြီးပြေးဆဲ။
ကျန်ရစ်ခဲ့သော ယုံကြည်ချက်များကို
သတိရယုံကလွဲပြီး
ဒီကဗျာဟာဘာမှမပိုခဲ့။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service