ခြင်ဆီမဲ့ (လူပန့်ငယ်)
မြို့အောက်က မီးခိုးခေါင်းတိုင်ထဲမှာ
ဖန်တီးမှုရဲ့ ဓာတ်ပုံတွေ
တူးတုန်းက
ဂြိုဟ်ရန်ပေါင်းများစွာပါ တွေ့ခဲ့ရ
“မျက်မမြင်နေ” ရဲ့
ငွေကြေးပြပွဲကို ကျောခိုင်းပြီး
ငါဟာ
(၁%)အနုပညာရဲ့ ဘိသိက်ပွဲတွေ
သွားကြည့်ခဲ့တယ်
အန္တရာယ်မကင်းတဲ့
စုတ်ဝင်ခန်းတွေက ကြိုလို့
အဲဒီက
ချစ်ခြင်းဆိုတဲ့ အမြီးပန်းပုများ ရခဲ့ရင်လည်း
မုန်တိုင်းဘုရင်ပါ
(အပ်ဖျားမျှော်စင်နဲ့)
ကပ်ပါလာမယ်
နောက်ဆုံးတော့
စိတ်ပျက်စွာနဲ့ပဲ
ပြန်ခဲ့တယ်
ဆေးရွက်ကြီးပင် လမ်းများပေါ်မှာ။ ။
လူပန့်ငယ်
၉၈ အချစ်ကဗျာ စာအုပ်ကပါ..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နောက်ဆုံးတော့
စိတ်ပျက်စွာနဲ့ပဲ
ပြန်ခဲ့တယ်
ဆေးရွက်ကြီးပင် လမ်းများပေါ်မှာ။ ။