ကျွန်တော်နဲ့  ရာခိုင်နှုန်း
အထာမကျတဲ့ စကားလုံးတွေက
ဘ၀ကိုခပ်ဆတ်ဆတ်လေးရိုက်ခတ်
အပျက်အပျက်နဲ့  နှာခေါင်းသွေးထွက်တယ်
(လျှောက်မရောနဲ့ )
ကိုယ့်အကြောင်းကိုယ်တွေးပြီး ကိုယ့်ဘ၀ကိုယ်သိ
ကိုယ့်ဇယားကိုယ်ဆွဲပြီး ကိုယ့်သမိုင်းကိုယ်ရေး
ကိုယ့်လမ်းကိုယ်ဖောက် ကိုယ်ကိုတိုင်လျှောက်ရမယ်
(ဘယ်အမှီလိုသေးလဲ……)
ကိုယ်ပြောတော့ ကိုယ့်အကြာင်း
ကိုယ့်အကြောင်းကိုယ်ပြောတော့ ကိုယ်အကောင်းပေါ့
ခပ်ဟောင်းဟောင်းစရိုက်က ဒီဖက်ခေတ်အထိမိုက်တုန်း
ကိုယ့်အရှုပ်ကိုယ်မရှင်းတော့ ကိုယ့်အထုပ်ကိုယ်ဖြည်မပြရဲဘူး
ကျွန်တော်မှားခဲ့ပါတယ်လို့  ရိုးသားစွာဝန်ခံဖူးတာ
တစ်ရာမှာ ဘယ်နှစ်ယောက်ရှိမလဲ…………
ပြော……………..။ ။
Comment #6
ဟာ….လာမနောက်နဲ့ …..နင်နဲ့ ခေါ်တော့ဝူး…..:)
By: moehtetaung18 at Nov 17, 2010
Comment #7
တော်မှတော်.. ကောင်းမှကောင်း
By: NC at Jan 17, 2012
Comment #8
Nice
By: ei lay at Oct 28, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒီဖက်ခေတ် ဆိုတာ စာလုံးပေါင်းမှာပါတယ်လို့
သင် ရိုးသားစွာဝန်ခံလိုက်မလား တွေးမိတယ်။
ခံစားချက်အလျှင်တွေတော့ ကြိုက်တယ်။