Professional Authors

ဆန္ဒသစ်ြ့ဖစ်ထွန်းခြင်း

မေ…………….
ထောင့် ချိုးများများနဲ့ 
ပုံသေကားချပ်တွက်ယူလို့ 
မရတာကို
ဘ၀လို့ ခံစားမိတဲ့ 
အချိန်မှာ
နယ်ကျွံ ထားတဲ့ 
ခြေလှမ်းကိုပြန်နှုတ်ဖို့ 
အင်အားမဲ့ နေတက်လိမ့် မယ်
တစ်ကယ်ဆို
တစ်လမ်းသွားထဲမောင်းဝင်မိတဲ့ 
ယာဉ်တစ်စီးလောက်တောင်
ဒဏ်ငွေဆောင်ပြီး
အမှားပြင်ဆင်ခွင့် မရှိလို့ 
စိတ်အားငယ်ရပေါင်း
များနေတက်လိမ့် မယ်
တခမ်းတနား
ဘ၀လို့ ရေရွတ်နိုင်တဲ့ နေ့ ကလဲ
ရှားပါးလွန်းပါတယ်
အဲ့ ဒါကိုက
ဘ၀လို့ ခေါ်မိတဲ့ အခါ
ငါတို့ 
လမ်းတွေလမိုက်နေတဲ့ 
ညလို
ရောင်ခြည်သစ်ဆီ
မြန်မြန်ရောက်ချင်မိပြန်ရော

မင်းလူန

In: ကဗျာ Posted By: Date: Oct 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment