သံလွင်ခက်နဲ့ ခုတ်ခံရတဲ့ အိပ်မက်
“ သံလွင်ခက်နဲ့ ခုတ်ခံရတဲ့ အိပ်မက် ”
ငါ့လက်တွေကို
နေရောင်နဲ့ ထွန်းညှိလိုက်တယ်
အလင်းက မပီဝိုးတဝါးနဲ့
လရိပ်ဆန်ဆန် ဖူးလို့
ဟင့်အင်း ငါ အိပ်မက်ထဲမှာ မနေပါရစေနဲ့
ရှေ့ကို တည့်တည့်ကြည့်ပြီး
ငါ နောက်ပြန်လျှောက်နေတယ်
မျက်လုံးနဲ့ ခြေထောက်တို့
စစ်မောင်းသံ တလူလူနဲ့ ဆန့်ကျင်လို့
ဟင့်အင်း ငါ သံလွင်ခက်ကို ချစ်တယ်။
ငါ့ ပင့်ကူအိမ်ကို ငါ ဖွဲ့
ငါ့အကွက်တွေကို ပေါက်ပြားနဲ့ ယက်တယ်
အခြေမတူရင်တော့ ဓားတွေခြားမယ်
ဒါတွေပြောရင် ဒေါတွေ ပါလာသတဲ့လား
ဟင့်အင်း ငါက သံလွင်ခက်နဲ့ အိပ်မက်ဖျက်သူပါ။
ချီရွန် ( ပုလဲ )
Comment #3
အရမ်းကောင်းပါတယ်ဗျာ…..

Comment #4
ငါ့လက်တွေကို
နေရောင်နဲ့ ထွန်းညှိလိုက်တယ်
အလင်းက မပီဝိုးတဝါးနဲ့
လရိပ်ဆန်ဆန် ဖူးလို့
ဟင့်အင်း ငါ အိပ်မက်ထဲမှာ မနေပါရစေနဲ့
..
ကြိုက်တယ်

Comment #5
ရှေ့ကို တည့်တည့်ကြည့်ပြီး
ငါ နောက်ပြန်လျှောက်နေတယ်
….ကြိုက်သည်…

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သံလွင်ခက်နဲ့ အိပ်မက်ဖျက်သူပါ။
သံလွင်တစ်ခက်နဲ့ အိပ်မက်ဆက်သူ။
((((နှစ်သက်စရာ ကဗျာလေးပါ))))