ဖြစ်နိုင်ရင် နင့်အစား ငါကိုယ်တိုင်ပဲ လွမ်းချင်တယ် (terry)
ကောင်မလေးရယ်……..
မွန်းကျပ်နေတဲ့
အိပ်မက်နံရံတွေမှာ
နင့်အပြုံးတွေပဲ ပဲ့တင်ထပ်နေမှတော့
ငါနင့်ကိုလွမ်းတယ် ဆိုတာ
မလွန်လောက်ဘူး ထင်တယ်နော်..။
နင်1 ဆိုလည်း1ဖြစ်တယ်
နင်2 ဆိုလည်း2ဖြစ်တယ်
နင်ဟာမှော်ဆရာ တစ်ယောက်
မဟုတ်ရင်တောင်မှ
ငါ့ကမ္ဘာ တစ်ခြမ်းလောက်ကို
ပန်းပွင့်စေနိုင်တယ်…။
လူတွေပြောကြတဲ့
အလျားအနံမရှိပေမယ့်
အသွားအပြန်ရှိတဲ့မေတ္တာမှာ
ငါ့အတွက်ဆို နင်ဟာ..
ပြဒါးမရှိတဲ့မှန်တစ်ချပ်လိုပဲလား။
နင်ပြောတာ…..
“နင် ငါ့ကို မေ့သွားမှာပါ” တဲ့
ကွဲရှခံဒဏ်ရာတစ်ခုမှာ
အနာကျက်သည်ဆိုရင်တောင်
မလှပတဲ့အက်ကြောင်းနဲ့
ခပ်မှိုင်းမှိုင်းအရောင် ချုပ်ရိုးတစ်ကြောင်း
ကျန်နေဦးမှာပဲလေ……။
အချစ်တစ်ခုကို
တည်ဆောက်ဖို့ အတွက်
အလွမ်းဆိုတဲ့အရာ
အခြေခိုင်မှဖြစ်မယ်။
နင်ငါ့ကို ဘယ်တော့မှ
ကိုယ်ချင်းမစာတတ်ပါစေနဲ့……
ကောင်မလေး………..။
terry( 24.10.2010)7:30 pm
Comment #2
အားပေးတဲ့အတွက် ကျေးဇူးပါ ။
Comment #3
နင်ပြောတာ…..
“နင် ငါ့ကို မေ့သွားမှာပါ” တဲ့
ကွဲရှခံဒဏ်ရာတစ်ခုမှာ
အနာကျက်သည်ဆိုရင်တောင်
မလှပတဲ့အက်ကြောင်းနဲ့
ခပ်မှိုင်းမှိုင်းအရောင် ချုပ်ရိုးတစ်ကြောင်း
ကျန်နေဦးမှာပဲလေ……။
အချစ်တစ်ခုကို
တည်ဆောက်ဖို့ အတွက်
အလွမ်းဆိုတဲ့အရာ
အခြေခိုင်မှဖြစ်မယ်။
နင်ငါ့ကို ဘယ်တော့မှ
ကိုယ်ချင်းမစာတတ်ပါစေနဲ့……
Comment #4
ကဗျာလေးက အ၇မ်းထိတယ်
Comment #5
Terry ရေ လိုက်မမှီလောက်အောင်ကို ကောင်းတယ်ဗျာ၊၊ ဆက်လုပ်
Comment #6
နင်1 ဆိုလည်း1ဖြစ်တယ်
နင်2 ဆိုလည်း2ဖြစ်တယ်
နင်ဟာမှော်ဆရာ တစ်ယောက်
မဟုတ်ရင်တောင်မှ
ငါ့ကမ္ဘာ တစ်ခြမ်းလောက်ကို
ပန်းပွင့်စေနိုင်တယ်…။
Comment #7
နင်1 ဆိုလည်း1ဖြစ်တယ်
နင်2 ဆိုလည်း2ဖြစ်တယ်
နင်ဟာမှော်ဆရာ တစ်ယောက်
မဟုတ်ရင်တောင်မှ
ငါ့ကမ္ဘာ တစ်ခြမ်းလောက်ကို
ပန်းပွင့်စေနိုင်တယ်…။
so so cool Poem, I like it so so much. 🙂
Comment #8
ကျေးဇုတင်ပါတယ်..8pyaw..အမကြယ်စင်…ကိုနေသွေး….မမိုးနဲ့မိုးစက်ဦးတို့ကိုအားပေးတဲ့အတွက်တကယ်ကိုကျေးဇုးတင်ပါတယ်….
Comment #9
အားပေးသွားပါတယ်
စိတ်မဆိုးဘူးဆိုရင် ကော်ပီကူးသွားပါတယ်
ကဗျာတွေကို စုထားရတာ ၀ါသနာပါလို့ပါ….
Comment #10
နင်1 ဆိုလည်း1ဖြစ်တယ်
နင်2 ဆိုလည်း2ဖြစ်တယ်
နင်ဟာမှော်ဆရာ တစ်ယောက်
မဟုတ်ရင်တောင်မှ
ငါ့ကမ္ဘာ တစ်ခြမ်းလောက်ကို
ပန်းပွင့်စေနိုင်တယ်…။
Like this
Comment #13
ကဗျာကောင်းလေးပါ။
Comment #14
really excellent
Comment #15
ကဗျာက အရေးအဖွဲ့ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်လို့ကောင်းသဗျ
ကိုterry ကဗျာတွေက အလေးတွေနည်းနည်းများတော့ ဒီလိုကဗျာလေးတွေသိပ်မမြင်ဘူးဗျ ရသတစ်မျိုးပေါ့ဗျာ ကောင်းပါတယ် အရေးအသားတွေလေးစားနေတယ် ။
Comment #16
အရမ်းကြိုက်လို့ fbမှာshare လိုက်တယ်
Comment #1
i love this poem