ကျွန်တော်နဲ့  နောင်တမဲ့နိဂုံး
ဝး၀၀ ကျွန်တော်က …….
ပန်းပွင့်ပေါ်ကခြေချော်ကျတဲ့လိပ်ပြာ
ရှုံးနိမ့်တယ်ဆိုတာ ကျဆုံးသွားတာတစ်ခုပဲပေါ့
အကြိမ်ကြိမ်ထပ်ပြောနေလဲ အပို
စိုစွတ်တဲ့ အတွေးတွေထဲ
အနာဂတ်တွေ ခြ, စားခံရတယ်
(မွစာကိုကြဲလို့ ………)
ဝး၀၁ ညတွေ………
………………….
ညတွေ…….
…………………..
ကော်ဖီတစ်ခွက်နဲ့  ဖြတ်သန်းခဲ့ရတဲ့ညတွေ
ရင်ခုန်သံကထောင်ချောက်မိတဲ့ကြွက်လို
ယောက်ယက်ခတ်အောင် ထွက်ပေါက်တွေမဲ့
ဝး၀၂ နေ့ …….
…………………
ည……..
…………………တဲ့
ဘယ်သူပြဋ္ဌာန်းခဲ့တဲ့ သတ်မှတ်ချက်တွေလဲ
အလင်းနဲ့ အမှောင်ကြားမှာ
နေနဲ့ လ အချိန်တွေမှား
(ကျွန်တော်လဲ…….)
အမြဲတမ်းဗျာများနေခဲ့ရ…..
ဝး၀၃ ဟိုးအဝေးမှာ………
………………………
မြစ်တစ်စင်း
(သေချာကြည့်လိုက်)
တွေ့ လား………
……………………….
သာသာလေးစီးဆင်နေတာ
ဘ၀တွေပေါလောမျောလို့ …..
ဝး၀၄ အချစ်…………
……………………..
အမုန်း…………
……………………..
(ဒီစကားလုံးတွေ)
ဘယ်သူများ စာလုံးပေါင်းသွားခဲ့တာလဲ
အာရုံနောက်အောင် အသည်းကွဲတယ်
(တကယ်………….)
ဝး၀၅ ဟော……..
(နားထောင်ကြည့်)
ပြောရင်းဆိုရင်း လေးခွင်းသံကြားနေရတယ်
ရင်ဘတ်တွေထုတ်ချင်းခတ်ဖို့ 
ရော့……..
………………………….
ရင်ကော့ခေါင်းမော့
ပြုံးပြုံးလေးမျက်စိကိုမှိတ်လို့ 
ဝး၀၆ ကျွန်တော်က…….
ပန်းပွင့်ပေါ်ကခြေချော်ကျခဲ့တဲ့လိပ်ပြာ
ရှုံးနိမ့်တယ်ဆိုတာ ကျဆုံးသွားတာတစ်ခုပဲပေါ့
အကြိမ်ကြိမ် ထပ်ပြောနေလဲ အပို………..
……………………………………………….
( ကဲ………)
ခင်ဗျားတို့ကော ဘယ်လိုလဲဗျာ………။ ။
Comment #3
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ…….
Comment #4
thank you so much.
Comment #7
ငပြောင်လေး……..:)
Comment #8
ပန်းပွင့်ပေါ်က ခြေချော်ကျခဲ့တဲ့ လိပ်ပြာ
ရှုံးနိမ့်တယ်ဆိုတာ ကျဆုံးသွားတာ တခုပဲပေါ့
အကြိမ်ကြိမ် ထပ်ပြောနေလဲ အပို………………
အရမ်း ကြိုက်တယ် !
Comment #1
very nice!!!!!