လွမ်းနှင်းပွင့်တို့ဝေသီချိန်
ှုငါ့ရဲ့စိတ်တွေလေမှာပျံဝဲလို့ မ၀သေးခင်မှာဘဲ
တိုက်စားခြင်းနေ့ရက်တွေက
ငါ့ကို လွတ်လပ်ခွင့်မပေးတော့ဘူး
နေတတ်ရင်ကြေနပ်စရာကေင်းပါတယ်ဆိုတဲ့
လောကကြီးမှာ
ကျေနပ်မှုတချို့က
လပြည့်ညတွေလိုဘဲ
အလာကျဲပြိးအကုန်လွယ်ကြတယ်
လမင်းကြိးနဲ့အပြိုင်လင်းရတဲ့
ခွန်အားငယ်ကြယ်ပွင့်လေးတွေလိုဘဲ
လပြည်ညရဲ့အလင်းရောင် ကီုယ်ရှိရောက်မလာခင်
ပင်ဝါးရုံက ဖမ်းဆုပ်သွားသလို
ကံကောင်းခြင်းရဲ့နမ်းရှိုက်မှုကိုယ်ဆီရောက်မလာခင်
ကံကြမာကဆီးပွေ့လိုက်တယ်
ငြင်းဆန်မရတဲ့တမ်းတခြင်းတွေနဲ့အတူ
စောင့်မျှော်နေတုန်း
သုခကိုအရောင်ပြပြီး
ဒုက္ခကိုဖျားရောင်းလာတဲ့
အနီရောင်နှုက်ခမ်းတစုံကို
မက်မောစွာနမ်းရှုံ့လို့မ၀သေးခင်မှာဘဲ
လွမ်းနှင်းပွင့်တွေ မျက်တောင်ဖျားမှာဝေသွားတယ်…………………
လမင်းပိုင်
Comment #2
kay zu par
nay tat ta lo pal nay par top mal naw
Comment #3
စောင့်မျှော်နေတုန်း
သုခကိုအရောင်ပြပြီး
ဒုက္ခကိုဖျားရောင်းလာတဲ့
အနီရောင်နှုက်ခမ်းတစုံကို
မက်မောစွာနမ်းရှုံ့လို့မ၀သေးခင်မှာဘဲ
လွမ်းနှင်းပွင့်တွေ မျက်တောင်ဖျားမှာဝေသွားတယ်………………
Comment #1
kg par del…nay tat yin ta kel koh kyae net sa yar gyi bar belll…