ညတုန်းက..သောက်တဲ့..သစ္စာ
ဒီညဟာ…
ကျဆုံးချင်းများစွာအတွက်…
ဖန်ခွက်ချင်း..ခလုတ်တိုက်ကြမယ့်ည..
ကောင်းကင်ကိုမော့ကြည့် တော့
မဟူရာညသန်းခေါင်မှာ…
လ တောင် တစ် ခြမ်း ပြုံး နေပြီ..
နှလုံးသား..ဟောက်ပက်နဲ့…ချာတိတ်
ကြမ်းပြင်ခင်းမှာ..မိန့်မိန့်ကြီးမှိုင်လို့
ဒီတစ်ည မှာ……….
နှုန်းလွန်သတိရခြင်းမျိုးနဲ့…
ရမ္မက်လွန်..ဒေါသတစ်မျိုး..
သွေသားဆူပွက်..မမက်ချင်တော့တဲ့ ခြောက်ကပ်ကပ်အိပ်မက်တွေရယ်
ခရောင်းလမ်းဖြောင့်ဖြောင့်ကြီးတစ်ခု နဲ့
နေ..၀င်..ရီ..တေးသီချင်းတစ်ပုဒ်…….
ဘာပဲဖြစ်ဖြစ်.. ငါကျေးဇူးတင်တယ်……
ဖန်ခွက်ထဲက…အရက် က..
မင်းလောက် မခါး ပေမယ့်…
မင်းထက်ပို.သစ္စာရှိလို့လေ…။ ။
Comment #3
ကျေးဇူးတင် ပါ တယ် ..ခင် ဗျာ.. ဒါ က ကျွန်တော် ပထမ ဆုံး တင် မိတဲ့ ကဗျာ ပါ.. အား တက် သွား ပြီ:D
By: Demon 13 at Nov 1, 2010
Comment #4
…………..စာသားတွေကြိုက်တယ်။အတွေးတွေ အေ၇းတွေ အားကျ၇ပါတယ်။
By: dan at Jan 6, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
nice poem!!