နေနဲ့ ရေးတဲ့ကျွန်တော့်ကဗျာ
ဝ.၀၀ ငါက……..
ငရဲကလူ ပြာပူကိုမကြောက်ပါဘူး
ကိုယ့်ကိုယ်ကို လောင်မီးချ
ကောင်းကင်မှာကြယ်တစ်ပွင့်အဖြစ်
အလှဆုံး တောက်ပပြရဲတယ်
ဝ.၀၁ မပြောပြဘူး အသေသတ်
နင်ရက်စက်ခဲ့တာတွေ
ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့
ဒဏ်ရာတွေအတိနဲ့ ပေါ့
(တစ်ချက်မတွန့် ဘူး…..)
ဒီမှာရင်ဘတ်
ဟိုဖက်ဒီဖက်ထုတ်ချင်းခတ်တဲ့အထိ
မျက်စောင်းနက်နက်လေးတွေနဲ့ ထိုးလိုက်စမ်းပါ
ဝ.၀၂ ဘီလူးတစ်ပိုင်း ပန်းတစ်ပိုင်းနဲ့ လူ
တခြားသူတွေအတွက်တော့မသိဘူး
အများအမြင်မှာ စုတ်ပြတ်ကြမ်းရှ
(နင့်အတွက်တော့……..)
အမြဲမွှေးမြ နေပေးပါရစေ
ဝ.၀၃ တိမ်တွေကို ဖမ်းဆုပ်
ပန်းလုပ်ပေးချင်တဲ့သူပါ
နင်လျှောက်မယ့်လမ်းကလေးထဲ
တိမ်အကြွေပွင့်တွေ ပက်ကြဲ
(ငါ့ကို……….)
နဲနဲတော့ပိုတယ်မထင်ပါနဲ့ 
ဝ.၀၄ နင့်အတွက်ရည်စူးပြီး
နေကိုဆွတ်ခူး ကဗျာသီကျူးထားတယ်
(ရော့……..ဖတ်ကြည့်)
ဟောဒီ့ရင်ခွင်ရိုင်း
အပိုင်းပိုင်းကျိုးတဲ့အထိနင့်ကိုချစ်တယ်
ယုံ……………
…………………………………………။ ။
Comment #3
အာ…..မိုက်ဟ မိုက်ဟ ….. ငါ့အစ်ကိုကဗျာတွေ တစ်ပုဒ်ထက် တစ်ပုဒ်လန်းလာတယ်ဟ
နင့်အတွက်ရည်စူးပြီး
နေကိုဆွတ်ခူး ကဗျာသီကျူးထားတယ်
(ရော့……..ဖတ်ကြည့်)
ဟောဒီ့ရင်ခွင်ရိုင်း
အပိုင်းပိုင်းကျိုးတဲ့အထိနင့်ကိုချစ်တယ်
ယုံ……………
…………………………………………။ ။
အဲ့နားအရမ်းကြိုက်တယ် ဂွတ် အစ်ကိုတော်
Comment #5
အစ်ကိုတော် Moezat ၊ အစ်မတော် အမရာ ၊ကိုသားသားနဲ့ ၊ကိုဒသတို့ ခင်ဗျား …ကျွန်တော့်ကဗျာလေးတွေကို
မျှဝေခံစားပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျ…..ကျွန်တော်အမြဲကြိုးစားနေပါ့မယ်ခင်ဗျာ
ကျေးဇူးလည်းအများကြီးတင်ပါတယ်ခင်ဗျာ…..
Comment #6
ငပေါကြီး ..:P
Comment #7
တိန်………:)
Comment #9
ကျေးဇူးပါအစ်ကိုချမ်းငြိမ်းရေ……:)
Comment #10
ဒီမှာရင်ဘတ်
ဟိုဖက်ဒီဖက်ထုတ်ချင်းခတ်တဲ့အထိ
မျက်စောင်းနက်နက်လေးတွေနဲ့ ထိုးလိုက်စမ်းပါ…
မိုက်မှမိုက်………ဒါလေး ကြိုက်တယ်)))))))))))))))))))))။ ။
Comment #11
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ………
Comment #14
ဟောဒီ့ရင်ခွင်ရိုင်း
အပိုင်းပိုင်းကျိုးတဲ့အထိ
နင့်ကိုချစ်တယ်
Comment #1
very good , very nice ။အရင်အပုဒ် “ကျွန်တော်နဲ့နောင်တမဲ့နိဂုံး” လိုပဲ။ ဒီပုံစံမျိုးရေးတာကိုကြိုက်တယ်။
အဖြူရောင်နတ်သမီးလေးအတွက်
မိုးရေထဲမှာအရိုးကွဲ တဲ့မြစ်
ဘ၀ကမ်းပါးတွေလည်းပြို
ရင်ဘတ်တွေလည်းထုတ်ချင်းခတ်
ခြောက်ကပ်ကပ်ဖြစ်ခဲ့တာအတော်ကြာ
ခြေချော်ကျပြီးရှုံးနိမ့်ခဲ့ရ
ဘ၀တွေလည်းပေါလောမျှောပါ
ရိုးသားစွာဝန်ခံမိတာပါ။