အမုန်းဖွား ဥပေက္ခာနက္ခတ်
ဝ.၀၀ လေညင်းတွေထပြန်သွားစဉ်က
မေ့ကျန်ရစ်ခဲ့တဲ့ စံပယ်ရနံ့ တွေ
ထက်အောက်ဝန်းကျင်တစ်ခုလုံးမွှေးမြ
(ကျွန်တော်က……..)
ရနံ့ တစ်ခုတလေမှ ဆွတ်စိုခွင့်မရခဲ့တဲ့ကောင်ပါ
ဝ.၀၁ ဟိုးအဝေးမှာ……..
ခြေကျင်းသံတချွင်ချွင်နဲ့ ကြယ်စင်တွေရံခ
လမင်းကတော့ခပ်ပြပြလေးသာလို့ ပေါ့
(ကျွန်တော်က……..)
ဘယ်ခပ်ဖျော့ဖျာ့အလင်းရောင်ကိုမှ ရှိုက်နမ်းခွင့်မရခဲ့တဲ့ကောင်ပါ
ဝ.၀၂ စောင်းတစ်ဖက် ဓါးတစ်ဖက်နဲ့ နတ်သမီး
အိမ်မက်တွေထဲ တိမ်စီးပြီးဆင်းတယ်
ရင်ခုန်သံကိုချော့မြှူခုတ်ထစ်
(ကျွန်တော်က………)
အလွမ်းရည်ပျစ်ပျစ်တွေသာသောက်ခဲ့ရတဲ့ကောင်ပါ
ဝ.၀၃ မမြင်ဖူးတော့လဲ မူးကိုမြစ်ထင်တယ်ဗျာ
(မရယ်ကြပါနဲ့ …….)
နှင်းဆီရောင်မျက်ဝန်းတွေထဲ
အကြိမ်ကြိမ်မူး……………
မေ့……………
လဲ……………
ကျ…………..
………………………………..
(နောက်ကျမှပဲသိခဲ့ရတယ်…..)
အမုန်းဖွား ဥပေက္ခာနက္ခတ်……တဲ့
ဇာတာတွေမတက်သေးသရွေ့ တော့
အနာဂတ်တွေ ဘုမ္မိကျတယ်………..
……………………………………………။ ။
Comment #3
ကျွန်တော့်ကဗျာလေးတွေကိုအမြဲဖတ်ရှုပြီးတော့အားပေးခဲ့တဲ့အစ်မ အမရာကိုကျေးဇူးတင်ပါတယ်ခင်ဗျာ…..
အစ်ကို demon ကိုလဲကျေးဇူးတင်ပါတယ်…လိုအပ်ချက်တွေရှိရင်လဲထောက်ပြပြီးအကြံဥာဏ်ပေးကြပါ
ခင်ဗျာ…..ကျေးဇူးတင်ပါတယ်……
Comment #6
mike de kwar.
kyike de.
Comment #1
နောက်ဆုံးအပိုဒ်လေး
အရမ်းကြိုကတယ်..။။