The meeting
အဲဒီနေ့က……
ပန်းတို့သီကျူးသော၈ီတဖြင့်
သာယာသောတေးသံကို..ငါကြားခဲ့ရ..
ဥယျာဉ်တော်ကနတ်ဘုရားမ….
ငါ့အားပြုစားလျက်
နှလုံးသားကိုသံပတ်တပ်…
ဟောဒီရင်ဘတ်တည့်တည့်မှာ
အချစ်ကိုမွေးဖွားစေခဲ့တယ်…။
အဲဒီနေ့က……
ငါ့နှလုံးသားဝင်ရိုးစွန်းမှာ
မီးဟုန်းဟုန်းတောက်တယ်
မီးနဂါးတွေကခုန်လို့
နှလုံးသားရေခဲမြစ်တွေသံပြိုင်ငိုကြွေး…
ခံစားချက်တွေစီးဆင်းကြတယ်
အဲဒီနေ့က……နွေဦးပေါက်အိပ်မက်ရဲ့
အရသာကိုထိတွေ့ခံစား
ကောင်မလေးရေ……
ငါ့နှလုံးသားလွင်ပြင်ကျယ်မှာ
လေပြင်းလည်းကျတယ်။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကြိုက်တယ်ဗျို့ …..အရမ်းကောင်းတယ်……