တစ်,မဖြစ်စေချင်တဲ့ သုည
ညနေခင်းတွေ………
ဒယိမ်းဒယိုင်နဲ့ ကွေ့ ကောက်
မြို့ လယ်ခေါင်မှာ တောမှောက်တယ်
(ဟိုမှာကြည့်လေဗျာ…..)
ကိုးတောင်ကျား မြက်တွေစားနေတာ
လိုအပ်ချက်နဲ့ တပ်မက်မှု
တစ်ခုခုတော့လွဲနေပြီ
လက်ပြနှုတ်ဆက်
(သူမသိသလိုနဲ့ ……)
နေမင်းကတော့ အိပ်တန်းတက်ခဲ့ပေါ့
ဟိုလိုလို ဒီလိုလိုနဲ့ ပဲ…….
ဘီယာခွက်ထဲ ပန်းပွင့်တွေကြွေကျ
ခဏခဏမြင်တွေ့ နေရတာတော့
(ရင်နာတယ်………)
သုညဘ၀……..
တစ်,ဖြစ်ဖို့ များ အပျက်ခံသတဲ့လား
(မတန်လိုက်တာဗျာ….)
လျှာပေါ်မြက်ပေါက်တဲ့အထိ
သမိုင်းတစ်ခုခု ချန်ခဲ့ကြည့်ပါလား
မနက်ဖြန်ဆိုတာတွေ……
……………………………
တော်တော်လှပနေလိမ့်မယ်…….
………………………………………။ ။
Comment #2
မဖြေပါရစေနဲ့ အစ်ကိုတော်ရေ…………ကျေးဇူးတင်ပါတယ်

Comment #4
ကျေးဇူးတင်ပါတယ် အစ်မရေ………

Comment #7
အားပေးကြတဲ့အတွက်အစ်ကိုအစ်မအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျို့ တကယ်
(ရင်ဘတ်ထဲကပြောတာ……)

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တစ် ဘ၀ သုည ဖြစ်ဖို့
အစားခံခဲ့ရတာကော မဖြစ်နိုင်ဘူးလားဗျာ . . . . .